ရွှေပြည်သာတွင် ကားစောင့်နေသည့် လူအုပ်အတွင်း အက်စစ်ဖြင့် ပက်ခံရ၍ အမျိုးသားတစ်ဦး ဆေးရုံသို့ အရေးပေါ်ပို့‌ဆောင်ရ

0
124

ရွှေပြည်သာတွင် ကားစောင့်နေသည့် လူအုပ်အတွင်း အက်စစ်ဖြင့် ပက်ခံရ၍ အမျိုးသားတစ်ဦး ဆေးရုံသို့ အရေးပေါ်ပို့‌ဆောင်ရ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် YBS ကားမှတ်တိုင်၌ ကားစောင့်နေသည့် လူအုပ်အတွင်း အက် စစ်ဖြင့် ပက်သွားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုး သားတစ်ဦး ဆေးရုံသို့ အရေးပေါ်ပို့ဆောင် ထားရကြောင်း သိရသည်။

ယနေ့ ဇွန်လ ၅ ရက် မွန်းလွှဲ ၃ နာရီ ဝန်းကျင်က ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီး သံဖြူဆိုင် ကားမှတ် တိုင်တွင် ကားစောင့်နေသည့် လူအုပ်အတွင်းသို့ အမည်မသိ လူတစ်စုမှ အက်စစ်ဖြင့် ပက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်ခဲ့သည့်အတွက် ရွှေပြည်သာမြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ အမျိုးသားတစ်ဦး မျက်နှာ၊ မျက် လုံး နှင့် ရင်ဘတ်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အ တွက် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ အရေးပေါ်ပို့ ဆောင်ထားရကြောင်း သိရသည်။

” အဲဒီ ဖြစ်စဉ် ဖြစ်သွားတာ ဟုတ်ပါတယ်။ ညီမတို့ ရပ် ကွက်ထဲက မောင်လေး တစ်ယောက် ထိသွားတာပါ။ သံ ဖြူဆိုင် မှတ်တိုင်မှာ ကားစောင့်ရင်း အက်စစ်နဲ့ အပက်ခံရတာလို့ပဲ သိရတယ်။ ဘာကြောင့် လုပ်တယ်ဆိုတာ အ သေးစိတ်တော့ မသိလိုက်ရဘူး။ ချက်ချင်း ဆေးရုံပို့ လိုက်ကြတာ” ဟု ဒဏ်ရာရရှိသူနှင့် အိမ်နီးနားချင်းဖြစ်သူ အမှတ်(၇) ရပ်ကွက်နေအမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ ဒဏ်ရာ ရရှိသူအမျိုးသားသည် ခရီးထွက်နေရာမှ ပြန်လည်ရောက်ရှိလာသည်မှာ ရက်ပိုင်းအတွင်းသာ ရှိသေးပြီး ရပ်ကွက်အတွင်း ခိုက်ရန်ဖြစ်ပွားထားသည့်သတင်းလည်း မကြားမိကြောင်း ရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။

” အဲဒီ ညီလေးက ခရီးထွက်နေတာ (၃)လ လောက်ရှိပြီ။ တစ်နေ့ကမှပြန်ရောက်တာ။ ရန်ဖြစ်ထားသူလည်း မရှိ ဘူး။ မှတ်တိုင်မှာ ကားစောင့်နေတဲ့ လူစုထဲကို အက်စစ်နဲ့ပက်တာတဲ့” ဟု အဆိုပါ အမျိုးသားနှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်သည် အခြေခံ လူတန်း စား အများစု နေထိုင်ကြသည့် မြို့နယ် တစ်မြို့နယ် ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု အားနည်းသည့်အတွက် ခိုးဆိုးလုနှိုက် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် မြို့ နယ် တစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် မေလ လကုန်ပိုင်းအတွင်းကလည်း ရွှေပြည်သာ မြို့နယ် အမှတ် (၁၁) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး (၂) ဦးထံမှ ငွေနှင့် ရွှေထည်ပစ္စည်းများ ဓါးထောက် လုယက်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီး ရမိခြင်း မရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here