ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင် ၁ ဦး အကြော်ရောင်းနေစဥ် အမျိုးသမီး ၁ ဦးက သေ နတ်ဖြင့်ပစ်သတ်

0
204

ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင် ၁ ဦး အကြော်ရောင်းနေစဥ် အမျိုးသမီး ၁ ဦးက သေ နတ်ဖြင့်ပစ်သတ်

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ငွေတော်ကြည်ကုန်းရပ်ကွက်၊ရဲဘော်ကွက်သစ်၊ကွက်စိတ် ၉ လမ်း၊ ၇၈ လမ်းနှင့်မင်္ဂလာလမ်းထောင့်၌ အ ကြော်ဆိုင်တွင် အကြော်ရောင်းနေသည့် ရပ်ကျေးအဖွဲ့ဝင်ဦးသိန်းစိုး(၆၃)နှစ်ခန့်သည် ဇွန် ၆ ရက် (ယနေ့)နံနက် ၆ နာရီခန့်က ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည့် ဦးသိန်းစိုးသည် ရာအိမ်မှူးတစ်ဦးဖြစ်ကာ သားဖြစ်သူနှင့်အတူ အ ကြော်ရောင်းနေစဥ် အမည်မသိအမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ အမျိုးသမီးဖြစ်သူမှ သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဦးသိန်းစိုးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အကြော်လာဝယ်တဲ့ပုံစံနဲ့ရောက်လာပြီး ပစ်သတ်သွားတာလို့သိရတယ် သူနဲ့အတူအကြော်ဝိုင်းရောင်းပေးနေတဲ့ သူ့သားလည်းထိတယ်ကြားတယ်”ဟု မြို့နယ်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသွားခဲ့သည့် ရာအိမ်မှူးဦးသိန်းစိုး၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here