လက်ရှိကာလကိုရွေးကောက်ပွဲအကြိုကာလအဖြစ်သတ်မှတ်ထားပြီး PR စနစ်နှင့်ကိုက်ညီမည့်ရွေးကောက်ပွဲဥပဒေများပြင်ဆင်ထား

0
177

လက်ရှိကာလကိုရွေးကောက်ပွဲအကြိုကာလအဖြစ်သတ်မှတ်ထားပြီး PR စနစ်နှင့်ကိုက်ညီမည့်ရွေးကောက်ပွဲဥပဒေများပြင်ဆင်ထား

နစက အနေဖြင့် လက်ရှိကာလကို ရွေးကောက်ပွဲအကြိုကာလအဖြစ် သတ်မှတ်ထားပြီး လာမည့်ရွေးကောက်ပွဲတွင် အချိုးကျစနစ် PR စနစ်ကျင့်သုံးမည်ဖြစ်သောကြောင့် ယင်းစနစ်နှင့်ကိုက်ညီမည့် ရွေးကောက်ပွဲဥပဒေများပြင်ဆင်ဆောင်ရွက်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အဖွဲဝင် ဦးခင်မောင်ဦးကပြောဆိုထားသည်။

”ယခုကာလသည် ရွေးကောက်ပွဲအကြိုကာလဖြစ်တယ်လို့ ပြောလိုပါတယ်။ ရွေးကောက်ပွဲအကြို ကာလဖြစ်တဲ့အတွက် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များဖြစ်တဲ့ မဲစာရင်းများပြုစုခြင်း၊ ဥပဒေမူဘောင်ဖြစ်သည့် ဥပဒေများကို ယခင်အတွေ့အကြုံများအပေါ်မူတည်၍ သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။၊ ဒီလိုဆောင်ရွက်ရာတွင် အစောပိုင်းကပြောခဲ့သည့် PR စနစ်ကို ကျင့်သုံးဖိုရှိတဲ့အတွက် ယင်းစနစ်နဲ့ကိုက်ညီတဲ့သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ဆောင်ရွက်ထားပါတယ်။” ဟု ကော်မရှင်အဖွဲဝင် ဦးခင်မောင်ဦးက ဇွန်လ ၁ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအားထည့်သွင်းဖြေဆိုခဲ့သည်။

ထို့ပြင် အခြေခံကျပြီး လုပ်ငန်းပမာဏကြီးမားသည့် မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ၏ Capacity Building နှင့် အင်အားဖြည့်တင်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကိုလည်း စုဆောင်းရကြောင်း၊ ရုံးအဆောက်အဦများ ဆောက်လုပ်ခြင်းကဲ့သိုသော အုပ်ချုပ်မှုကိစ္စများကိုလည်း ဆောင်ရွက်ရကြောင်း၊ ထိုကဲ့သို ပြင်ဆင် ဆောင်ရွက်ဖွယ်ရှိသည့် ရွေးကောက်ပွဲ အကြိုကာလလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်းပြောဆိုခဲ့သည်။

နစက အနေဖြင့် ရေးကောက်ပွဲပြန်လည်ကျင်းပပြုလုပ်ပေးရန် ပြင်ဆင်လျက်ရှိပြီး ယင်းရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကို ကျင့်သုံးဆောင်ရွက်ရန်ပြင်ဆင်နေသည်။

PR စနစ်နှင့်ပတ်သက်၍ ဥပဒေအတည်ပြု ထုတ်ပြန်လာပါက PR နှင့် ပတ်သက်သည့်ဗဟုသုတများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး Pamphlet များ၊ နိုင်ငံပိုင်မီဒီယာများမှ အသိပညာပေးထုတ်ပြန် ကြေညာခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းUEC ကပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here