နှစ်ပေါင်း ၅၀ ရွှေရတုတိုင်ခဲ့ပြီဖြစ်တဲ့ ဒူးရင်းသီးစတုဒိသာစားပွဲတော်ကို ဒီနေ့ လောင်းကိုင်(ကြာအင်း)ရွာမှာပြုလုပ်ခဲ့

0
197

နှစ်ပေါင်း ၅၀ ရွှေရတုတိုင်ခဲ့ပြီဖြစ်တဲ့ ဒူးရင်းသီးစတုဒိသာစားပွဲတော်ကို ဒီနေ့ လောင်းကိုင်(ကြာအင်း)ရွာမှာပြုလုပ်ခဲ့

ဒူးရင်းသီးချစ်သူတွေမျှော်လင့်နေကြတဲ့ ဒူးရင်းသီးစတုဒိသာ စားပွဲတော်ကို ယနေ့ ဇွန် ၆ ရက်နေ့ မှာ.ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်
လောင်းကိုင်(ကြာအင်း) ရွာ မှာ ဒေသထွက် ဒူးရင်းသီးတွေကိုရဟန်းသံဃာတွေ ကို
ဆွမ်းကပ်လှူပြီး လာရောက်သူ အားလုံး ကို ဒူးရင်းသီး အပြင် ထမင်း ပါကျွေးမွေးဧည့်ခံမှာ ဖြစ်ကြောင်းသိရပါတယ်။

ဒူးရင်းသီးစားပွဲတော်ကို ဒေသခံတွေအနေနဲ့ဦးစီးကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်စဥ်နှစ်တိုင်းကျင်းပပြုလုပ်လေ့ရှိတဲ့ချစ်စရာ ရိုးရာဓလေ့လေးတစ်ခုလည်းဖြစ်ပါတယ်။

“နှစ်တိုင်းလုပ်နေကြ ဒူးရင်းသီးစတုဒိသာပွဲတော်ပါ ဒီနှစ်နဲ့ဆိုရင် နှစ်ပါင်း ၅၀ ရွှေရတုကိုရောက်ခဲ့ပါပြီ ချစ်စရာကရင်ရိုးရာဓလေ့လို့ပြောရမှာပေါ့ မနှစ်ကတော့ ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး ကော့ကရိတ်မြို့နယ်ထဲက လောင်းကိုင်(၅)ရွာပေါင်းပြီး ဒူးရင်းခြံပိုင်ရှင်တွေနဲ့ ရွာသူ၊ရွာသားတွေပေါင်းလုပ်ကြတာပါ အရင်နှစ်တွေကဆိုရင် နေရာအနှံ့ကလူတွေလာကြတယ် ဒီနှစ်ကတော့ အခြေအနေအမျိုးမျိုးကြောင့် လာတဲ့လူနည်းတယ်”ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဒူးရင်းသီးစားပွဲတော်အား လာရောက်ကြသူတိုင်း ဒူးရင်းသီးအား စိတ်တိုင်းကျ (အခမဲ့) စားသုံးခွင့်ရှိကြောင်းသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here