မကွေးတိုင်းတွင် နေထိုင်သူအများစုပါဝင်သည့် တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၃ ဦး ခပရာ့ကျွပ်ခီလီခမ်ခရိုင်၌ ဖမ်းဆီးခံရ

0
178

မကွေးတိုင်းတွင် နေထိုင်သူအများစုပါဝင်သည့် တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၃ ဦး ခပရာ့ကျွပ်ခီလီခမ်ခရိုင်၌ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ခပရာ့ကျွပ်ခီလီခမ်ခရိုင်၊မောင်မြို့၊ခရွန်၀မ်ကျေးရွာနှင့်အောင်နွိုင့်ကျေးရွာတို့တွင် ဇွန် ၅ ရက်က ထိုင်းနိုင်ငံတာဝန်ရှိသူများမှ သတင်းအရဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရွန်ဝမ်ကျေးရွာနှင့်အောင်နွိုင့်ကျေးရွာတို့အနီးရှိ တောထဲ၌ တရားမဝင်ဝင်ရောက်လာသူများ ရောက်ရှိနေကြောင်း သတင်းအရ ခပရာ့ကျွပ်ခီလီခမ်ခရိုင်မှတာဝန်ရှိသူများများပါဝင်သည့် ပူး ပေါင်းအဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် သွားရောက်အ လုပ်လုပ်ကိုင်ရန် ဝင်ရောက်လာသူများဖြစ်ကာ လာရောက်ခေါ်ဆောင်မည့် ပွဲစားအားစောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် မကွေးတိုင်း၌နေထိုင်သူအများဆုံးပါဝင်ကာ အခြားတိုင်းနှင့်ပြည်နယ်အ ချို့တွင် နေထိုင်သူများလည်း ပါဝင်ကြောင်း သိရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့၌ အလုပ်လုပ်ကိုင်ရန်ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ် ထိုင်းနိုင်ငံ၌အလုပ်လုပ်ပါက တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးချေရပြီး မလေးရှားနိုင်ငံသို့ သွားရောက်အ လုပ်လုပ်ကိုင်မည်ဆိုပါက တစ်ဦးလျင်ထိုင်းဘတ် ငွေ ၄၅၀၀၀ မှ ၆၀၀၀၀ အထိပေးချေခဲ့ရကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား ထိုင်းကျန်းမာရေးအဖွဲ့များမှ ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိစစ်ဆေးကာ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် မောင်မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here