ရန်ကုန်တိုင်း၌ မေလအတွင်းတွင် ယာဥ်စည်း ကမ်းမလိုက်နာသဖြင့် အရေးယူခဲ့သည့် အမှုပေါင်း ၂၈၄၉ မှုရှိခဲ့
ရန်ကုန်တိုင်းတွင် ယာဥ်စည်းကမ်းမလိုက်နာသဖြင့် အရေးယူခဲ့သည့်အမှုပေါင်းမှာ မေလအတွင်း၌ ၂၈၄၉ မှုရှိခဲ့သည်ဟု အမှတ်(၂)ယာဥ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ သိရသည်။
ထို့ပြင် မေလအတွင်း၌ ရန်ကုန်တိုင်းတွင် ယာဉ်မတော်တဆမှုပေါင်း ၄၂၁ မှုဖြစ်ပွားခဲ့ပြီး ၂၃၇ ဦးသေဆုံးကာ ၄၂၁ ဦးတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများအားလိုက်နာကြရန်နှင့်စည်း ကမ်းဖောက်ဖျက်သည့် ကားများတွေ့ပါက စည်း ကမ်းဖော်ဖျက်မှုအား ဓာတ်ပုံရိုက်ကူး၍ ဖောက် ဖျက်သည့် မြို့နယ်၊လမ်းနှင့်နေရာတို့အား ရေး သား၍ Viber ဖုန်းနံပါတ် ၀၉-၇၇၇၄၃၆၂၃၂ နှင့် ၀၉-၇၇၇၄၃၆၂၃၃ တို့သို့ ဓာတ်ပုံမှတ်တမ်းနှင့်အ တူပေးပို့တိုင်ကြားနိုင်သည်ဟု အမှတ်(၂)ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းရှိ မြို့နယ်များအတွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်စေရန်၊ယာဉ်မ တော်တဆမှုများမဖြစ်ပွားစေရန်နှင့်ယာဉ်သွား လာမှုအဆင်ပြေချောမွေ့စေရန် မြို့နယ်၊ခရိုင် အ လိုက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေးပူးပေါင်းအဖွဲ့များမှ နေ့စဥ်ဆောင်ရွက်လျက်ရှိသည်။
“စည်းကမ်းဖောက်တဲ့ကားတွေကိုတော့ ရန်ကုန်မြို့ထဲမှာ ခနခနတွေ့နေရတာပဲ နှစ်ထပ်ရပ်ထားတာတွေတွေ့တယ် လမ်းမှာဖြစ်သလိုရပ်ထားတာတွေလည်းတွေ့နေရတယ် အခုလို Viber ကနေတိုင်လို့ရတယ်ဆိုတော့ အရမ်းကောင်းတယ် ထိရောက်တဲ့အရေးယူတာတွေလုပ်သွားရင်တော့ စည်းကမ်းမဲ့တာတွေပျောက်သွားမှာပါ”ဟုကျောက်တံတားမြို့နယ်နေသူတစ်ဦးကပြော သည်။