ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Suzuki Carry ကားရှေ့ဘီးပေါက်ပြီး တိမ်းမှောက် သံဃာ ၁ ပါးအပါအဝင် ၃ ဦးဒဏ်ရာရ

0
185

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Suzuki Carry ကားရှေ့ဘီးပေါက်ပြီး တိမ်းမှောက် သံဃာ ၁ ပါးအပါအဝင် ၃ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ဇွန် ၆ ရက် (ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်- ၅၇/၂ နှင့် ၅၇/၃ ကြားတွင် ရန်ကုန်ဘက်မှနေပြည် တော်ဘက်သို့ မောင်းနှင်လာသည့် Suzuki Carry (အဖြူရောင်)ကားသည် ရှေ့ညာဘက်ဘီးပေါက် ၍ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်အား သတင်းအရ ဘောနီအမြန်လမ်းမီး သတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြသည်။

ကားမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူ များအနက် သံဃာတော် ၁ ပါးနှင့်အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ) များရရှိခဲ့သဖြင့် လူနာတင်ကားဖြင့် ပဲခူးအထွေ ထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here