ရန်ကုန်-မန္တလေးအမြန်လမ်းတွင် MARK ll ကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိသစ်ပင်များအားဝင်တိုက် ကားနှစ်ပိုင်းပြတ်၍ ယာဉ်မောင်းသေဆုံး

0
335

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် MARK ll ကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိသစ်ပင်များအားဝင်တိုက် ကားနှစ်ပိုင်းပြတ်၍ ယာဉ်မောင်းသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဗောဓိကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် ဇွန် ၆ ရက်(ယနေ့)နံနက် ၈ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် MARK ll(အဖြူရောင်)ကားသည် အခင်းဖြစ်နေရာ မိုင်တိုင်အမှတ်-၁၄၇/၀ သို့အရောက် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထန်းပင်တို့အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဝင်တိုက်မိသည့်အရှိန်ကြောင့် ကားသည်နှစ်ပိုင်းပြတ်ထွက်သွားပြီး ရပ်တန့်သွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ဖြစ်စဥ်အား ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ဇိီးပင်သာအမြန်လမ်းမကြီးရဲစ ခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ယာဥ်မတော်တဆမှုကြောင့် ကားမောင်းလာသူမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင်ကားဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ပိုဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here