စစ်ကိုင်းမြို့နယ်၌ မူလွန်ကျောင်းအတွင်းရှိ သင်ထောက်ကူပစ္စည်းများ၊ဗလာစာအုပ်များ ဖျက်ဆီးခံရဟု နစက ထုတ်ပြန်

0
232

စစ်ကိုင်းမြို့နယ်၌ မူလွန်ကျောင်းအတွင်းရှိ သင်ထောက်ကူပစ္စည်းများ၊ဗလာစာအုပ်များ ဖျက်ဆီးခံရဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊တစ်အိမ်တည်းကျေးရွာရှိ အ.မ.က(မူလွန်)ကျောင်းအတွင်းရှိ သင်ထောက်ကူပစ္စည်းများ၊ဗလာစာအုပ်များ ဇွန် ၅ ရက်ညပိုင်းက ဖျက်ဆီးခံခဲ့ရသည်ဟု နစက မှ ထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၁၁ နာရီခွဲခန့်က တစ်အိမ်တည်းကျေး ရွာရှိ အ.မ.က(မူလွန်)ကျောင်းအတွင်းသို့ အမည်မသိအဖွဲ့ဝင်များ ခိုးဝင်လာပြီးနောက် စာသင်ခန်းများအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ၊ပုံ နှိပ်စာအုပ်များ၊ခဲတံများနှင့် သင်ထောက်ကူပ စ္စည်းများအား ဖျက်ဆီးခဲ့ကြသည်။

အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များမှ စစ်ဆေးရာ ဆရာ၊ဆရာမများအား ဆဲဆိုထားသည့် စာသားများကိုလည်း အဆိုပါ အမည်မသိအဖွဲ့ဝင်များမှ ရေးသားထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သွားသူများအား ဖမ်း ဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here