သမီးလေး မေကြေးမုံနဲ့သားလေးဘုန်းပြည့်စုံကိုသာသနာ့ဘောင်ထဲအပြီးတိုင်အပ်နှင်းလိုက်တဲ့ တေးသံရှင် မနော

0
426

သမီးလေး မေကြေးမုံနဲ့သားလေးဘုန်းပြည့်စုံကိုသာသနာ့ဘောင်ထဲအပြီးတိုင်အပ်နှင်းလိုက်တဲ့ တေးသံရှင် မနော

သမီးဖြစ်သူမေကြေးမုံနဲ့သားလေးဘုန်းပြည့်စုံကိုသာသနာ့ဘောင်ထဲအပြီးတိုင်အပ်နှင်းလိုက်တာဖြစ်ပြီး အခုလိုသားသမီးတွေနဲ့မခွဲနိုင်ပေမယ့်လည်း သားသမီးတွေအနေနဲ့ သူတို့ ရဲ့ဆန္ဒ အတိုင်းလုပ်ဆောင်မှုအပေါ်လေးစားဦးညွတ်မိတယ်လို့တေးသံရှင်မနောက ပြောပါတယ်။


အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး တေးသံရှင် မနောက
” သမီးလေး မေကြေးမုံ နှင့် သားလေး ဘုန်းပြည့်စုံ သာသနာ့ဘောင်မှာ အပြီးအပ်နှင်းလိုက်ပြီ
မိဘတိုင်း သားသမီးများနှင့် ဘယ်ခွဲချင်ပါ့မလဲ
သိပ်ကိုပင်ပန်းကြမှာပါ

အမှန်တကယ် မေတ္တာအစစ်နဲ့ ပေးဆပ်ချစ်နိုင်ဖို့တော့လိုပါတယ်ဒီဘဝအတွက်လောက်ပဲ ချမ်းသာခြင်းကိုပေးတာမဟုတ်ပါ သူတို့လေးတွေကို တန်ဖိုးထားသလို လေးစားဦးညွှတ်ပါတယ်

ယခင် နှင့် ယခု ဘဝတွေက ကျနော်တို့မိဘနှစ်ပါးရဲ့ ဖန်တီးခဲ့သော အကြောင်းများကြောင့် ယခုဘဝမှာ သားလေးသမီးလေးတွေဆိုတဲ့ အကျိုးတရားတွေ သမုဒယတွေရရှိခဲ့ရပြီပေါ့ နောင်ဘဝဆိုတာကြီးကိုပြန်မရစေဖို့ အကြောင်းတွေ မဖန်တီးဖြစ်အောင် ပြုလုပ်ရခြင်းသာဖြစ်ပါတယ်” လို့သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here