ရန်ကုန်မြို့ကျောင်းမြောင်းရပ်ကွက် တိုက်ခန်းတစ်ခုအတွင်း ကျပ် ၉၅ သိန်းကျော်ခန့် ဖောက်ထွင်းခံရ ယနေ့တွင် ရဲစခန်းတွင် အမှုဖွင့်ရန်စီစဉ်နေ

0
259

ရန်ကုန်မြို့ကျောင်းမြောင်းရပ်ကွက် တိုက်ခန်းတစ်ခုအတွင်း ကျပ် ၉၅ သိန်းကျော်ခန့် ဖောက်ထွင်းခံရ ယနေ့တွင် ရဲစခန်းတွင် အမှုဖွင့်ရန်စီစဉ်နေ

ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျောင်းမြောက်ရပ်ကွက် သြဘာလမ်းအတွင်းရှိ ပထမထပ် တိုက်ခန်းတစ်ခန်း အတွင်း ဇွန် ၄ ရက်နေ့ တွင် ကျပ် ၉၅ သိန်းကျော်ခန့်ရှိ လက်ဝတ်ရတာနာများအပါအဝင် အခြားလူအသုံး အဆောင်ပစ္စည်းအချို့ ဖောက်ထွင်းခံရပြီး ၊ ယင်းအတွက် ယနေ့တွင် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရန်စီစဉ်နေကြောင်း အခန်းပိုင်ရှင် ဖြစ်သူက ပြောသည်။

အဆိုပါ သြဘာလမ်းသည် နေ့ည မပြတ် လူစည်ကားရာနေရာတစ်ခုဖြစ်ပြီး၊ ဖောက်ထွင်းခံရသည့်နေ့ ညနေ ၅ နာရီခန့်တွင် ပိုင်ရှင်ဖြစ်သူအပြင်မှ ပြန်ရောက်သည့်အချိန်တွင် ဖောက်ထွင်းခံလိုက်ရသည်ကို သိရှိရကြောင်း ဆိုသည်။

“ ရဲတပ်ဖွဲ့မှာ ဒီနေ့ အမှုဖွင့်ဖို့ စီစဉ်နေပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေလိုက်လုပ်နေပါတယ်။ ပါသွားတဲ့ ပစ္စည်းက ကျပ် ၉၅ သိန်းဖိုးလောက်ပါသွားတယ်။” ဟု ဆိုသည်။

ဖောက်ထွင်းခံရမှုကြောင့် တစ်မတ်သားကျော် ချယ်စိန်လက်စွပ် ၊ တစ်မတ်သားကျော် နီလာ လက်စွပ်၊ လေးပဲကျော် အခေါက်ရွှေ လက်စွပ်၊ တစ်မတ်သားကျော် စိန်နားစွဲနှင့် ချယ်စိန်နားကပ်၊ တစ်ဂရမ်ကျော် ပလက်တီနမ် ဆွဲသီး၊ ကျောက်ဆွဲသီး ခုနှစ်ပွင့် ၊ တစ်ဂရမ်ကျော် ပလက်တီနမ် လက်စွပ် နှစ်ကွင်းအပါအဝင် အခြားသော ပစ္စည်းများနှင့် ငွေသား ကျပ်သိန်း ၂၀ ကျော် ဖောက်ထွင်းခံရကြောင်း သိရသည်။

ပြီးခဲ့သော မေ ၂၉ ရက်နေ့ မနက်ပိုင်းက ကြည့်မြင့်တိုင်မြို့နယ် ပန်းပင်ကြီလမ်းရှိ တိုက်ခ်းတစ်ခန်းတွင် အသက် ၈၀ ကျော်အဘွားအိုတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးရှိနေစဉ် လူတစ်စုဝင်ရောက်၍ ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ Ye Win Aung


LEAVE A REPLY

Please enter your comment!
Please enter your name here