မော်လမြိုင်မြို့ ကမ်းနားလမ်း၌ကားနှင့်ဆိုင်ကယ်တိုက် ဆိုင်ကယ် ၂ ပိုင်းပြတ်ထွက်ကာ ၂ ဦးဒဏ် ရာရခဲ့

0
374

မော်လမြိုင်မြို့ ကမ်းနားလမ်း၌ကားနှင့်ဆိုင်ကယ်တိုက် ဆိုင်ကယ် ၂ ပိုင်းပြတ်ထွက်ကာ ၂ ဦးဒဏ် ရာရခဲ့

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ကမ်းနားလမ်း၊မြို့မတံတားအနီးတွင် ဇွန် ၇ ရက်(ယနေ့)နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ကားနှင့်ဆိုင်ကယ်တိုက်မိမှုကြောင့် ဆိုင်ကယ်မှ ၂ ပိုင်းပြတ်ထွက်သွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းလာတဲ့ ၂ ယောက်ဒဏ်ရာရတယ် တစ်ယောက်ကတော့ စိုးရိမ်ရဒဏ်ရာ(အနီရောင်အဆင့်)ဖြစ်သွားတယ် နောက်ထပ်တစ်ယောက်ကတော့ သိပ်မစိုးရိမ်ရပါဘူး ကျွန်တော်တို့ကဖြစ်စဥ်ဖြစ်ပြီးမှ ဖုန်းသတင်းရလို့သွားတာကြောင့် ဘယ်လိုတိုက်မိတယ်ဆိုတာတော့မသိဘူး တွေ့ရတာတော့ ဆိုင်ကယ်က အလယ်ကနေ ၂ ပိုင်းပြတ်ထွက်သွားတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၂ ဦးအား ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့နှင့်ရွှေတောင်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြသည်။

Photo-ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here