နစက ဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ လာရောက်တွေ့ ဆုံ၍ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပြီးနောက် NDAA(မိုင်းလား)ဒု-ဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

0
123

နစက ဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ လာရောက်တွေ့ ဆုံ၍ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပြီးနောက် NDAA(မိုင်းလား)ဒု-ဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၇ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲက နေပြည် တော်မှလေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

ပြန်လည်ထွက်ခွာသွားသည့် NDAA(မိုင်းလား) ဒု-ဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်း ရင်းသားတိုင်းရင်းသူများ၊ဒေသခံများက တပ်မ တော်လေဆိပ်၌လိုက်ပါပို့ဆောင်ခဲ့ကြသည်။

“ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ငြိမ်း ချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့တွေ့ ဆုံဆွေးနွေးကြပါစို၊တိုင်းရင်းသားတွေစည်းလုံးမှငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ”ဆိုင်းဘုတ်များနှင့်နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here