ရန်ကုန်မြို့၌ မိုးတွင်းကာလအတွင်း ရေကြီးရေ လျှံမှုများမဖြစ်ပေါ်စေရန် ရေစုပ်စက်များတပ်ဆင်

0
232

ရန်ကုန်မြို့၌ မိုးတွင်းကာလအတွင်း ရေကြီးရေ လျှံမှုများမဖြစ်ပေါ်စေရန် ရေစုပ်စက်များတပ်ဆင်

ရန်ကုန်မြို့၌ မိုးတွင်းကာလအတွင်း ရေကြီးရေ လျှံမှုများမဖြစ်ပေါ်စေရန် မြစ်ထွက်ပေါက်များ၌ ရေစုပ်စက်များအား ရန်ကုန်မြို့တော်စည်ပင်မှတပ်ဆင်ထားရှိကြောင်း သိရသည်။

ရေစုပ်စက်များအားတပ်ဆင်ထားရာတွင် ကျောက်တံတားမြို့နယ်၊ပန်းဆိုးတန်းလမ်းရှိ အမှတ်(၁၀)မြစ်ထွက်ပေါက်၌ တစ်နာရီလျင် ရေဂါလံ ၂၂၀၀၀၀ စုတ်ထုတ်နိုင်သည့် မြင်းကောက်ရေ ၁၂၈ ကောင်အားရှိ ၉၀ ကီလိုဝပ်ရေစုပ်စက်အား တပ်ဆင်ထားသည်။

အလားတူ ပန်းဘဲတန်းမြို့နယ်၊ရွှေတိဂုံဘုရားလမ်းရှိ အမှတ်(၈)မြစ်ထွက်ပေါက်တွင်လည်း တစ်နာရီလျင် ရေဂါလံ ၅၅၀၀၀ စုတ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၉၅ ကောင်အား ၇၀ ကီလိုဝပ်ရေစုတ်စက် တပ်ဆင်ထားသည်။

ထို့ပြင် လသာမြို့နယ်၊ ၂၂ လမ်းရှိ အမှတ်(၆)မြစ်ထွက်ပေါက်၌ တစ်နာရီလျက် ရေဂါလံ ၂၅၀၀၀၀ စုတ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၁၂၅ ကောင်အား ၉၀ ကီလိုဝပ်ရေစုတ်စက်အား တပ်ဆင်ထားသည်။

ထို့အတူ လမ်းမတော်မြို့နယ်၊မော်တင်ယာယီစျေးရပ်ကွက်၊ကမ်းနားလမ်းရှိ ရွာသစ်ချောင်းရေထိန်းတံခါးမြစ်ထွက်ပေါက်အတွင်း အမှိုက်နှင့်နုန်းများအားဆယ်ယူရှင်းလင်းသည့် ရေထိန်းတံခါးတွင်လည်း တစ်နာရီလျင် ရေဂါလံ ၁၉၀၀၀၀ စုပ်ထုတ်နိုင်သည့် မြင်းကောင်ရေ ၆၀ ကောင်အား ၄၀ ကီလိုဝပ်ရေစုပ်စက်အား တပ်ဆင်ထားသည်။

ထို့ပြင် အလုံမြို့နယ်၊စောရန်ပိုင်အနောက်ရပ် ကွက်၊မိုးကောင်းလျှပ်စစ်အိမ်ရာဝင်းအတွင်းရှိ ဟာဘိချောင်းရေထိန်းတံခါးများအား ရန်ကုန်မြို့တော်စည်ပင်၏ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှတပ်ဆင်ထားကြောင်း သိရသည်။

အဆိုပါ ရေထိန်းတံခါးနေရာများမှာ ရန်ကုန်မြို့လယ်မြေနိမ့်နေရာများဖြစ်၍ ဒီရေတက်ချိန်နှင့်မိုး သည်းထန်စွာရွာသွန်းချိန်များ၌ ရေထိန်းတံခါးအားပိတ်၍ ရန်ကုန်မြစ်အတွင်းသို့စီးဝင်သည့် မြောင်းများအတွင်းမှ ရေများစုပ်ထုတ်ပေးသွားမည်ဖြစ်သည်။

ထိုသို့ ရေစုပ်ထုတ်ပေးခြင်းဖြင့် ကျောက်တံတား၊ပန်းဘဲတန်း၊လသာနှင့်အလုံမြို့နယ်များ၌ ရေကြီးရေလျှံမှုအား ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here