မိဘအမွေအနှစ် ပစ္စည်းများကိုစေတီတော်ဌာပနာအဖြစ်လှူဒါန်းခဲ့တဲ့ မင်းထက်ကျော်ဇင်တို့ မိသားစု

0
218

မိဘအမွေအနှစ် ပစ္စည်းများကိုစေတီတော်ဌာပနာအဖြစ်လှူဒါန်းခဲ့တဲ့ မင်းထက်ကျော်ဇင်တို့ မိသားစု


မင်းထက်ကျော်ဇင်တို့မိသားစုအနေနဲ့ မိဘအမွေအနှစ် ပစ္စည်းများကို စေတီတော်ဌာပန အဖြစ်လှူဒါန်းမှာဖြစ်ပြီး စေတီတော်အတွင်းဘုရားတစ်ဆူနဲ့ မိခင်ရဲ့နေ့နံကြာသပတေးရပ် အနောက်ဘက်မုဒ်ဦးမှာလှူဒါန်းမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး ဆရာတော် ဒေါက်တာအရှင် သုဟဒယက” ကိုဝဏ္ဏဇင်၊ ကိုမင်းထက်ကျော်ဇင်(မင်းသား) မိသားစု၊ မန္တလေးမြို့တို့မှ အဖိုးအနဂ္ဃထိုက်တန်သော မိဘအမွေအနှစ်ပစ္စည်းများကို စေတီတော်ဌပနာအလို့ငှာ လှူဒါန်းပူဇော်ပါသည်။
စေတီတော်အတွင်းဘုရားတစ်ဆူ နှင့်မယ်တော်ကြီးရဲ့နေ့နံ ကြာသပတေးရပ် အနောက်ဘက်မုဒ်ဦးကို လှူဒါန်းမည့်အကြောင်းလဲ ပုဗ္ဗစေတနာ ဇောစိတ်သန်စွာဖြင့် လျှောက်ထားကြပါသည်။ ” လို့ လက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာ မှာရေးသား ဖော်ပြခဲ့ပါတယ် ။

မင်းထက်ကျော်ဇင် အနေနဲ့တခေတ်တစ်ခါကဗီဒီယိုလောကမှာအောင်မြင်ခဲ့သူဖြစ်ပြီး Music video ပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here