သိပ္ပံသုသေတနအတွက် ဒုံးပျံများကို ဩစတေးလျ မြောက်ပိုင်းနယ်မှလွှတ်တင်မည့် နာဆာ

0
72

သိပ္ပံသုသေတနအတွက် ဒုံးပျံများကို ဩစတေးလျ မြောက်ပိုင်းနယ်မှလွှတ်တင်မည့် နာဆာ

ဆစ်ဒနီ၊ ဇွန် ၈ ရက်

အမေရိကန် အာကာသ အေဂျင်စီ နာဆာသည် သိပ္ပံသုတေသနများပြုလုပ်ရန် ဒုံးပျံသုံးစင်းအား ဩစတြေးလျ မြောက်ပိုင်းနယ်မြေဒေသက​နေ လာမည့် အပတ်များတွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့ (ဇွန်လ ၈ ရက်) တွင် ပြောကြားခဲ့သည်။

နာဆာအ​နေဖြင့် အမေရိကန်နိုင်ငံ အပြင်ဖက်တွင်ယခုကဲ့သို့ ဒုံးပျံများလွတ်တင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

ဩစတြေးလျအစိုးရသည် ပုဂ္ဂလိကပိုင် Equatorial Launch Australia’s (ELA) ၏ အန်းဟမ်း အာကာသ စင်တာတွင် ဒုံးပျံများ လွှတ်တင်ရန်အတွက် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနီးစ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ဒါက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပရောဂျက်တစ်ခုပါ။ ဩစတြေးလျမှာ နာဆာ ကနေခုလို လာရောက်ပူးပေါင်းလုပ်ကိုင်တာဟာ ဩစတြေးလျနိုင်ငံသားအားလုံးအတွက်တော့ ဂုဏ်ယူစရာပါပဲ” ဟု ဝန်ကြီးချုပ် အယ်လ်ဘနီးစ် က ဩစတြေးလျ‌ မြောက်ပိုင်းနယ်မြေဒေသ မြို့တော် ဒါဝင် ၌ ပြုလုပ်သော သတင်းမီဒီယာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ယင်း ဒုံးပျံများအား အီကွေတာ၏ တောင်ဘက်ကမ္ဘာခြမ်း၌သာလျှင် တွေ့မြင်နိုင်သည့် နေအကြောင်းလေ့လာသည့် ဟီလီယိုရူပဗေဒ၊ နက္ခတ္တရူပဗေဒ နှင့် ဂြိုလ်ဆိုင်ရာ သိပ္ပံဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန်အတွက် လွှတ်တင်ခြင်း ဖြစ်သည်။

ပထမဆုံး ဒုံးပျံအား ဇွန် ၂၆ ရက်နေ့၌ လွှတ်တင်မှာဖြစ်ပြီး ကျန်ဒုံးပျံများကို ဇူလိုင်လ ၄ ရက်နဲ့ ၁၂ ရက်နေ့ အသီးသီးတွင် လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မြောက်ပိုင်းနယ်မြေအစိုးရသည် ၎င်းပရောဂျက်အတွက် စတင်လုပ်ဆောင်ချိန်မှစ၍ ကျောထောက်နောက်ခံပြုပေးထားပြီး အန်းဟမ် အာကာသ စင်တာဖွံဖြိုးတိုးတက်ရန်အတွက် ELA တွင် အမေရိကန် ဒေါ်လာ ၃.၆ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Source: Reuters/ga


LEAVE A REPLY

Please enter your comment!
Please enter your name here