သာစည်မြို့နယ်၌ USDP ပါတီဝင်တစ်ဦး ၎င်း၏ဆိုင်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
198

သာစည်မြို့နယ်၌ USDP ပါတီဝင်တစ်ဦး ၎င်း၏ဆိုင်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊သာစည်မြို့နယ်၊လှိုင်းတက်ကျေး ရွာတွင် ဇွန် ၇ ရက်ညပိုင်းက USDP ပါတီဝင်တစ်ဦးဖြစ်သည့် ဦးသန်းလှိုင်မိုးသည် ၎င်း၏ဆိုင်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းနေ့ည ၇ နာရီခွဲခန့်က ဦးသန်းလှိုင်မိုးသည် ၎င်း၏ မိုးကာကူရှင်ချုပ်သည့်ဆိုင်၌ရှိနေစဥ် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၄ ဦးမှ သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးသန်းလှိုင်မိုးသည် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဦးသန်းလှိုင်မိုးက သာစည်မြို့နယ် USDP ပါတီရဲ့ မြို့နယ်ပါတီဝင်တစ်ယောက်ပါ ညကတော့ သေ နတ်နဲ့ပစ်ခံရလို့သေဆုံးသွားတယ်လို့သိရပါတယ် သိရသလောက်ဆိုရင်တော့ ပေါင်၊ရင်ဘတ်နဲ့ခေါင်းမှာ သေနတ်ဒဏ်ရာတွေရသွားတယ်လို့ သိရတယ်”ဟု သာစည်မြို့နယ် USDP ပါတီနှင့်နီးစပ်သူတစ်ဦးကပြောသည်။

သေဆုံးသွားခဲ့သည့် ဦးသန်းလှိုင်မိုး၏ ရုပ်အ လောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ဆေး ရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here