ပြန်လည်အသက်ဝင်တော့မည့်ဂျပန်နိုင်ငံခရီးသွားလုပ်ငန်း

0
164

ပြန်လည်အသက်ဝင်တော့မည့်ဂျပန်နိုင်ငံခရီးသွားလုပ်ငန်း

တိုကျို ၊ ဇွန် ၇

နှစ်နှစ်ကျော်ရပ်နားထားခဲ့ရသည့် ဂျပန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ကန့်သတ်ချက်များဖြင့် တဖြည်းဖြည်းချင်းပြန်လည်ဖွင့်လှစ်​နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန်လ ၇ ရက်နေ့ကဆိုသည်။

ဂျပန်သို့ဝင်ရောက်လာသည့် ခရီးသည်များအနေဖြင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ခြင်း၊ပုဂ္ဂလိကဆေးဘက်ဆိုင်ရာအာမခံထားခြင်းတို့လုပ်ရမည်ဖြစ်သလို၎င်းတို့နေထိုင်စဉ်ကာလတစ်လျှောက်လည်း စောင့်ကြပ်ကြည့်ရှုခြင်းခံရမည်ဖြစ်သည်။

ဇွန်လ (၁၀) ရက် ပထမဆုံးပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ပက်ကေ့ခ်ျခရီးစဉ်ဖြင့်ဝင်ရောက်သူများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး ဧည့်သည်နှင့်အတူလိုက်ပါမည့် ဧည့်လမ်းညွှန်များအနေဖြင့်လည်း နှာခေါင်းစည်းကိုစနစ်တကျဝတ်ဆင်ရမည် ဟု ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီ (JTA) မှဆိုသည်။

“ခရီးစဉ်တစ်လျှောက်လုံးမှာ ဧည့်လမ်းညွှန်တွေအနေနဲ့ ခရီးသည်တွေကို ရောဂါပိုးကူးစက်နိုင်တဲ့ အပြုအမူမျိုးတွေမပြုမိအောင်သတိပေးနေဖို့လိုပါတယ်၊နှာခေါင်းစည်း ချွတ်တာ၊တပ်တာတွေကစလို့ပေါ့” ဟူ၍လည်း JTA ၏ လမ်းညွှန်ချက်တွင်ထည့်သွင်းထားသည်။

ကပ်ရောဂါစတင်ချိန်မှစ၍ ဂျပန်နိုင်ငံသည် တင်းကျပ်သော ပြည်ဝင်ခွင့်စည်းမျဉ်းများချမှတ်ခဲ့ကာ နိုင်ငံသားမဟုတ်သူအားလုံးနီးပါးကို ပြည်ဝင်ခွင့်ပိတ်ထားခဲ့သည်။

ပြီးခဲ့သည့်လမှစကာ ခရီးသွားကိုယ်စားလှယ်အယောက် ၅၀ ပါဝင်သော စမ်းသပ်ခရီးစဉ်များကို ပြုလုပ်ခဲ့ပြီး ၎င်းတို့ထဲမှတစ်ဦးတွင် COVID 19 ရှိကြောင်းစစ်‌ဆေးတွေ့ရှိခဲ့ရသည်။

“ခရီးသွားတွေအနေနဲ့ အဆောက်အဦထဲမှာနေလို့ နှာခေါင်းစည်းတပ်ထားရတာပြဿနာမဟုတ်ပေမဲ့ ဒါကိုနှစ်ဆယ့်လေးနာရီလုံးဝတ်ထားဖို့ဆိုတာကတော့ အတော်ကိုကသီ့က​အောက်နိုင်ပါတယ်” ဟု ဩစတေးလျခရီးသွားကိုယ်စားလှယ်တစ်ဦးဖြစ်သူ James Jang ကဆိုသည်။ဧည့်လမ်းညွှန်များကိုအချိန်ပြည့် ငှားရမ်းထားရခြင်းကလည်းကုန်ကျစရိတ်ကိုပိုများစေသည်ဟု မစ္စတာ Jang ကဆိုသည်။

ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်တွင် ခရီးသွား ၃၁.၉ သန်းကျော် ဂျပန်ကိုလာရောက်ပြီး ဂျပန်ယန်း ၄.၈၁ ထယီလီယံရရှိခဲ့သည်။

Source – Reuters/ng


LEAVE A REPLY

Please enter your comment!
Please enter your name here