CB BANK ဓါးပြမှုကျူးလွန်ခဲ့သူများကို နာရီပိုင်းအတွင်း ဖမ်းဆီးပေးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကို ကျပ်သိန်း ၁၀၀ ကျော်ဂုဏ်ပြုချီးမြှင့်

0
180

CB BANK ဓါးပြမှုကျူးလွန်ခဲ့သူများကို နာရီပိုင်းအတွင်း ဖမ်းဆီးပေးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကို ကျပ်သိန်း ၁၀၀ ကျော်ဂုဏ်ပြုချီးမြှင့်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂)အား ဓါးပြတိုက်မှုကျူးလွန်ခဲ့သူများကိုနာရီပိုင်းအတွင်း ဖမ်းဆီးပေးခဲ့သော ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၇၂ သိန်းဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်းဂုဏ်ပြု ငွေ ပေးအပ်ချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပခြင်းဖြစ်သည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှာစကားပြောကြားရာတွင် ဘားအံမြို့ရှိ CB ဘဏ်ခွဲ (၂) ဓားပြတိုက်ခံရမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ တရားခံများကို နာရီပိုင်းအတွင်း စွန့်စွန့်စားစား ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လုယက်ယူဆောင်ခြင်းခံရသည့် ဘဏ်မှငွေများပြန်လည်ရရှိခဲ့သည့်အတွက် ကရင်ပြည်နယ အစိုးရအဖွဲ့နှင့် CB BANK တို့မှ ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ သတင်းလက်ဦးမှုရရှိပြီး ပိတ်ဆို့တားဆီး ချိတ်ဆက် ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်း၍ ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် အမြဲတမ်းအသင့်ဖြစ်နေစေရန် ကြိုတင်ပြင်ဆင်ထားကြဖို့လိုကြောင်း ပြောကြား သည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး ခင်ဇော်နှင့် CB BANK မှ တာဝန်ရှိသူတစ်ဦးတို့က တရားခံများအား စွန့်စွန့်စားစားပူးပေါင်းဖမ်းဆီးခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့တို့အား ဂုဏ်ပြုဆုငွေကျပ် (၁၇၂) သိန်းအား ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here