တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဧပြီ လကုန်ပိုင်းမှစတင်၍ မြန်မာအလုပ်သမား ၉၀၀ နီးပါးခန့်ရောက်ရှိလာပြီးဖြစ်

0
160

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဧပြီ လကုန်ပိုင်းမှစတင်၍ မြန်မာအလုပ်သမား ၉၀၀ နီးပါးခန့်ရောက်ရှိလာပြီးဖြစ်

တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန် မာအလုပ်သမား ၈၈၀ ဦးသည် ဧပြီ ၂၈ ရက်မှ ဇွန် ၇ ရက်အတွင်း ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံအစိုးရမှ နိုင်ငံအတွင်း ကိုဗစ်(၁၉)ရောဂါပြန့်ပွားခြင်းအား ကာကွယ်ထိန်း ချုပ်နိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ဇွန် ၁ ရက်မှစတင်၍ ပြည်ဝင်ခွင့်အား ပိတ်ပင်ထားခဲ့သည်။

ထိုသို့ ပိတ်ပင်ထားခဲ့ရာမှ ဧပြီ ၂၈ ရက်မှစတင်၍ မြန်မာအလုပ်သမား ၁၂၈ ဦးအားလက်ခံဝင်ရောက်ခွင့်ပြုခဲ့သဖြင့် ယင်းမြန်မာအလုပ်သမားများသည် ရန်ကုန်လေဆိပ်မှတဆင့် အင်ချွန်းလေဆိပ်သို့ စတင်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာအလုပ်သမားများအားဆက် လက် လက်ခံခဲ့ရာ မေ ၃ ရက်တွင် ၁၃၅ ဦး၊ မေ ၁၀ ရက်တွင် ၁၂၈ ဦး၊ မေ ၁၇ ရက်တွင် ၁၁၇ ဦး၊ မေ ၂၄ ရက်တွင် ၁၃၀ ဦး၊ မေ ၃၁ ရက်တွင် ၁၁၂ ဦးနှင့် ဇွန် ၇ ရက်တွင် ၁၃၀ ဦးတို့မှာ တောင်ကိုရီးယားနိုင်ငံသို့ အသီးသီးထပ်မံရောက်ရှိခဲ့ကြောင်း မြန်မာသံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရောက်ရှိလာသည့် အလုပ်သမားများတွင် Re-entry လုပ်သား ၃၇၉ ဦး၊ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၃၉၅ ဦး၊ဆောက်လုပ်ရေးလုပ်ငန်းများ၌ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၂၈ ဦးနှင့်စိုက် ပျိုးရေးမွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မည့်လုပ်သားသစ် ၇၈ ဦးတို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား အင်ချွန်းလေဆိပ်တွင် မြန်မာသံရုံး၊ဆိုးလ်မြို့မှ အ လုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များအား မှာ ကြားကာ လိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here