အရေးပေါ်ထွက်ပေါက်ပါရှိသည့် ဓာတ်လှေကားအား ပဲခူးမြို့ရှိ ဟင်္သာကုန်းစေတီတော်မြတ်ကြီးတွင် တည်ဆောက်ပြီးစီး

0
152

အရေးပေါ်ထွက်ပေါက်ပါရှိသည့် ဓာတ်လှေကားအား ပဲခူးမြို့ရှိ ဟင်္သာကုန်းစေတီတော်မြတ်ကြီးတွင် တည်ဆောက်ပြီးစီး

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၁ ရက်က ပန္နက်တော်တင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဆောက် အဦးအထူးအဖွဲ့(၃)မှ ပဲခူးမြို့၊ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏ တောင်ဘက်မုခ်တွင်တည် ဆောက်ခဲ့သည့် ဓာတ်လှေကားမှာရာနှုန်းပြည့်ပြီး စီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်လှေကားသည် ကျန်းမာရေးချို့တဲ့သည့် အဘိုး၊အဘွားများအား ဘီးတပ်ကုလား ထိုင်ဖြင့် သယ်ဆောင်ပေးနိုင်ကာ အရေးပေါ်ထွက်ပေါက်ပါရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်လှေကားသည် စောင်းတန်းအောက် ခြေမှ စေတီတော်ရင်ပြင်အထိ အလျား ၇၇ ပေ၊ အမြင့် ၇၃ ပေခွဲ၊ လျောက်လမ်းအကျယ် ၈ ဒသမ ၅ ပေရှိကာ လူ ၁၂ ယောက်တပြိုင်တည်း အ တက်၊အဆင်းပြု လုပ်နိုင်ကြောင်း သိရသည်။

ယင်း ဓာတ်လှေကားတည်ဆောင်မှုမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ရက်ပိုင်းအတွင်းဖွင့်လှစ်သွားရန် တာဝန်ရှိသူများမှ စီစဥ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here