အနိုင်ရပါတီက ဥပဒေ ချိုးဖောက်ခဲ့သည့်အတွက်သာ ယနေ့အခင်းအကျင်းမျိုး ကြုံတွေ့ရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြောကြား

0
109

အနိုင်ရပါတီက ဥပဒေ ချိုးဖောက်ခဲ့သည့်အတွက်သာ ယနေ့အခင်းအကျင်းမျိုး ကြုံတွေ့ရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြောကြား

အနိုင်ရပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရလိုမှုဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျူးလွန်ချိုးဖောက်ခဲ့သည့်အတွက် ယနေ့အခင်းအကျင်းမျိုးကို ကြုံ တွေ့နေရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

ဇွန်လ ၈ ရက်တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ကျင်းပသည့် ဆဌမအကြိမ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီ ဥက္ကဋ္ဌက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

” တကယ်တော့ အနိုင်ရလိုမှုနဲ့ အနိုင်ရပါတီက ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ကျင့်ဝတ်တွေကို မဲဆန္ဒနယ် အသီးသီးမှာ၊ နေရာအနှံ့အပြားမှာ ကျူးလွန်ချိုးဖောက်ခဲ့တာတွေကြောင့်သာ ဥပဒေနဲ့အညီ ဒီနေ့အခင်းအကျင်း‌ ပေါ်ပေါက်လာခဲ့တာကို အားလုံး သိကြပြီးသားပါ” ဟု ဦးသန်းဌေးက ပြောသည်။

ထို့ပြင် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ဥပဒေလိုက်နာခဲ့သည့်အတွက် ယနေ့အ ချိန်ထိ လိပ်ပြာသန့်သန့်နှင့် ရည်တည်နေနိုင်ခြင်းဖြစ် ကြောင်းလည်း ၎င်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် NLD ပါတီမှ တနိုင်ငံလုံးအတိုင်းအတာဖြင့် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း မဲမသမာမှုများ ရှိခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီအပါအဝင် အတိုက် အခံပါတီများက ကန့်ကွက်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကန့်ကွက်မှုများနှင့် ပတ်သက်၍ စစ်ဆေးဖြေရှင်းရန် တောင်းဆိုမှုများ လုပ်ဆောင်ခဲ့သော်လည်း ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ရ လဒ်ကို အတည်ပြုကာ ‌လွှတ်တော် ခေါ်ယူရန် ပြင်ဆင်ခဲ့ရာမှ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် တပ်မ တော် က နိုင်ငံတော် အာဏာကို ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ခိုင်ဖိုးပါတီအနေဖြင့် ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း၌ ပါတီအား ဖျက်သိမ်းရန် ကြိုးစားအားထုတ်မှုများကို ကြုံတွေ့ခဲ့ရသည့်အတွက် လိုအပ်သည့် ပါတီတွင်း စည်းမျဉ်းစည်းကမ်းများကို ဖြည့်စွက် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here