အမျိုးသမီးများ၏အခန်းကဏ္ဍနှင့်အမျိုးသမီးလူ့စွမ်းအားအရင်းအမြစ်အား မြှင့်တင်ဆောင်ရွက်ရမည်

0
256

အမျိုးသမီးများ၏အခန်းကဏ္ဍနှင့်အမျိုးသမီးလူ့စွမ်းအားအရင်းအမြစ်အား မြှင့်တင်ဆောင်ရွက်ရမည်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှနည်းပြအရာရှိကြီးများ၊အမျိုးသမီးဗိုလ် လောင်းသင်တန်းသူများ၊အမျိုးသမီးခြေလျင် တပ်စုမှူးသင်တန်းမှသင်တန်းသူများ၊နယ်မြေခံလေတပ်စခန်းဌာနချုပ်မှအရာရှိကြီးများအား နစက ဥက္ကဋ္ဌမှသီးခြားစီတွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မကြာသေးမီက ကောက်ခံခဲ့တဲ့ သန်းခေါင်စာ ရင်းမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၃ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး အများစုကမှီခိုသူတွေဖြစ်တာကြောင့် လုပ်အားအပြည့်အဝအသုံးမချနိုင်တာကိုတွေ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အမျိုးသမီးအများစုသည် ပညာရေး၊ရုံး/ဌာန၊အထည်ချုပ်လုပ်ငန်းပါသည့် SME များ၌သာ အများစုလုပ်ကိုင်ကြသည်ကိုတွေ့ရှိရသဖြင့် လူ့စွမ်းအားအရင်းအမြစ်နှင့်ပတ်သက်၍ အမျိုးသမီးများ၏ အခန်းကဏ္ဍအား လေးလေးနက်နက် စဉ်းစားဆောင်ရွက်ရမည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဧရိယာသည် စတုရန်းမိုင်ပေါင်း ၁၆၀၀၀၀ ကျော်၊လူဦးရေ ၅၅ သန်းကျော်ရှိကာ စိုက်ပျိုးမြေများစွာရှိပြီး မျှတသည့်ရာသီ ဥတုရှိပြီး ဒေသအလိုက် ထိုက်သင့်သည့် စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းများအား ဆောင်ရွက်၍ရသည်ဟု ပြောသည်။

“သဘာဝကပေးထားတဲ့ အရင်းအမြစ်တွေကို အသုံးချမယ်ဆိုရင် နိုင်ငံတိုးတက်လာမှာဖြစ်ပြီး အဲဒါတွေကို အသုံးချနိုင်ဖို့အတွက် လူသားအရင်းအမြစ်တွေလည်း လိုအပ်တာကြောင့် အမျိုးသမီးတွေ ပါဝင်နိုင်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ တပ်မတော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အမျိုးသမီးစစ်မှုထမ်းများသည် အမျိုးသားများပင် တာဝန်ထမ်းဆောင်ရန် ခက်ခဲသည့်တပ်မတော်၌ မိမိဆန္ဒအလျောက် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိ၍ မိမိကိုယ်ကိုဂုဏ်ယူပြီး တန်ဖိုးထားကြရန်လိုအပ်သည်ဟု ပြောသည်၊

“တပ်မတော်မှာ သင်တန်းစတက်တဲ့ အချိန်ကစပြီး တပ်မတော်သားဘဝကိုခံယူရမှာဖြစ်ပါတယ် တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်မယ်ဆိုတဲ့ ရှိရင်းစွဲစိတ်တွေနဲ့ မိမိရွေးချယ်တဲ့လမ်း ကြောင်းပေါ်မှာ စိတ်ကိုပိုင်နိုင်စွာ ဆုံးဖြတ်ချက်ချ ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here