ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းအတွင်းသို့ ကိုယ်ပိုင်ကားပြုတ်ကျ ၍ ၃ ဦးပျောက်ဆုံး

0
213

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းအတွင်းသို့ ကိုယ်ပိုင်ကားပြုတ်ကျ ၍ ၃ ဦးပျောက်ဆုံး

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်အတွင်းသို့ ဇွန် ၉ ရက် (ယနေ့)နံနက် ၉ နာရီကျော်ခန့်က မိသားစုဝင် ၃ ဦးစီးနင်းလိုက်ပါလာသောကား ပြုတ်ကျသွားခဲ့သဖြင့် ၃ ဦးလုံး‌ ပျောက်ဆုံးလျက်ရှိသည်ဟု ဖားကန့်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အဆိုပါ မိသားစုဝင် ၃ ဦးသည် မှော်မောင်းလျှံကျေးရွာမှတဆင့် ဖားကန့်ပြည်သူ့ဆေးရုံ၌ ၎င်းတို့၏ကလေးဖြစ်သူအား ကာကွယ်ဆေးထိုးပေးရန် ထွက်ခွာလာစဥ် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဖြစ်စဥ်ကိုမြင်လိုက်ရတဲ့လူတွေကိုမေးကြည့်တော့ ကားကအ ဆင်းမှာ ဘရိတ်ပေါက်သွားတဲ့ပုံစံမျိုးနဲ့ ကမ်းပါးကိုတိုက်မိတယ် အဲဒီကနေချော်ပြီး လုပ်ကွက်ဟောင်းကန်ထဲကိုပြုတ်ကျသွားတာလို့ပြောတယ် “ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

လက်ရှိအချိန်၌ လုပ်ကွက်ဟောင်းကန်အတွင်း ပြုတ်ကျသွားခဲ့သည့် ကားနှင့်မိသားစုဝင် ၃ ဦးအား သယ်ထုတ်ရန်ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“လုပ်ကွက်ဟောင်းကန်ဖြစ်တဲ့အတွက် ရေငုတ်ပ စ္စည်းတွေကိုလိုလေသေးမရှိပြည့်စုံအောင်လုပ်ရတယ် ရေငုပ်ပြီးရှာတဲ့လူတွေကလည်း အတွေ့အ ကြုံများတဲ့လူတွေဖြစ်မှအဆင်ပြေမှာ အခုက တော့ ရုပ်အလောင်းတွေနဲ့ကားကိုပြန်မဖော်ရသေးဘူး”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo _CJ


LEAVE A REPLY

Please enter your comment!
Please enter your name here