ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်တို့နှစ်ဦးကို စွဲဆိုထားသော နိုင်ငံတော် လျို့ဝှက်အက်ဥပဒေပုဒ်မအမှုအတွက် ယနေ့တွင် စွဲချက်တင်အမိန့်ချမှတ်

0
177

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်တို့နှစ်ဦးကို စွဲဆိုထားသော နိုင်ငံတော် လျို့ဝှက်အက်ဥပဒေပုဒ်မအမှုအတွက် ယနေ့တွင် စွဲချက်တင်အမိန့်ချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာလ်နယ်တို့ နှစ်ဦးအား စွဲဆိုထားသော နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)/၉ အမှု အတွက် ယနေ့တွင် အထူးတရားရုံးက စွဲချက်တင်အမိန့် ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူအသိုင်းအဝိုင်း ထံမှ သိရသည်။

ယနေ့ ဇွန် ၉ ရက် နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ၊ မစ္စတာရှောင်တာလ်နယ်အပါအဝင် အဆိုပါအမှုတွင် တစ်ပေါင်းတည်း တရားစွဲဆိုခံထားရသော ပြည်ထောင်စုဝန်ကြီး သုံးဦးတို့ကို ရုံးထုတ်ကြားနာ စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ စွဲချက်တင် အမိန့်ချမှတ်ရာတွင် သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာလ်နယ်အား စွဲဆိုထားသော နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် စွဲချက်အမိန်ချခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် ယခင် ဦးသိန်းစိန်အစိုးရလက်ထက် ယင်းဝန်ကြီးဋ္ဌာန၏ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လေးဦးကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)/၉ ဖြင့် စွဲချက်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းပုဒ်မသည် အားပေးကူညီသည့်အတွက် စွဲချက်အမိန့် တစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းအမှုသည် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှူးအောင်မျိုးလွင်က တရားလိုပြုလုပ်တိုင်ကြားထားသော အမှုဖြစ်ပြီး၊ စီးပွားရေးပညာရှင် မစ္စတာရှောင်တာလ်နယ်၏ လက်တော့ပ် ကွန်ပျူတာအတွင်း နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောင့်ယှက်နိုင်ဖွယ်ရှိနိုင်သည့် စာရွက်စာတမ်းများတွေ့ရှိမှုနှင့် ပတ်သက်၍ တရားစွဲဆိုထားသော အမှုတစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here