WHO ဝန်ထမ်း အသတ်ခံရမှုအပေါ် ဘက်မလိုက်ဘဲ စုံစမ်းဖော်ထုတ်ပေးရန် ကုလတောင်းဆို

0
189

WHO ဝန်ထမ်း အသတ်ခံရမှုအပေါ် ဘက်မလိုက်ဘဲ စုံစမ်းဖော်ထုတ်ပေးရန် ကုလတောင်းဆို

WHO မှ ယာဉ်မောင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ဘက်မလိုက်ဘဲ စုံစမ်းဖော်ထုတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂက တောင်းဆိုလိုက်သည်။

ယမန်နေ့ ညနေပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ ဝန်ထမ်းတစ်ဦး ရုံးမှအပြန်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ ပစ်သတ်ခံခဲရသူသည် WHO မှ ယာဉ်မောင်းဝန် ထမ်း ဦးမျိုးမင်းထွဋ်ဆိုသူဖြစ် ဖြစ်ကြောင်း သိရသည်။

ဦးမျိုးထွဋ် အသတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်းနှင့် ယင်းဖြစ်စဉ်ကို ဘက်မလိုက်ဘဲ စုံးစမ်းစစ်ဆေးပေးရန် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး ရုံးက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အရပ်သားများ၏ အခွင့်အရေးများနှင့် လုံခြုံမှုကို ကာကွယ်ပေးရန်နှင့် ပြည်သူများအပေါ် အကြမ်းဖက်လုပ်ငန်းရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

မတူညီသည့် ပါတီ အဖွဲ့အစည်းများ၊ ပါဝင်ပတ်သက်သူအားလုံးအနေဖြင့်လည်း ကုလသမဂ္ဂ၏ ဘက်မလိုက်ရေးမူနှင့် လူသားချင်းစာနာမှုဆိုင်ရာများကို လေးစားရန်လည်း ကုလသမဂ္ဂက မေတ္တာရပ်ခံသည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအတွက် အရေးပါသော လူသားချင်းစာနာမှု အကူအညီနှင့် ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဟုလည်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here