အမ်းမြို့ရှိ ရပ်ကွက် ၂ ခုအားအုပ်ချုပ်ရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဓားဖြင့်ထိုးခံရပြီးသေဆုံး

0
102

အမ်းမြို့ရှိ ရပ်ကွက် ၂ ခုအားအုပ်ချုပ်ရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဓားဖြင့်ထိုးခံရပြီးသေဆုံး

ရခိုင်ပြည်နယ်၊အမ်းမြို့ရှိ ရပ်ကွက် ၂ ခုအားအုပ် ချုပ်ရသည့် အုပ်ချုပ်ရေးမှူးဦးပိုင်ပိုင်(၃၀)နှစ်ကျော်ခန့်သည် ဇွန် ၉ ရက်(ယနေ့)နံနက်ပိုင်းက ဓားဖြင့်ထိုးခံရသဖြင့်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၉ နာရီကျော်ခန့်က ဦးပိုင်ပိုင်အား အမည်မသိအမျိုးသားများက အမှတ် ၅ ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းရုံးနှင့်စွယ်တော်ဘုန်းတော်ကြီးကျောင်းကြား၌ ဓားဖြင့်ထိုးခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။

“လူတစ်ယောက်ဓားထိုးခံထားရတယ် သတင်း ကြားလို့ကျွန်တော်တို့ကူညီဖို့သွားခဲ့တယ် အခင်း ဖြစ်နေရာကိုရောက်တော့ ဓားထိုးခံရတဲ့လူက အုပ်ချုပ်ရေးမှူးဖြစ်နေတယ်ဓားထိုးခံရတဲ့နေရာမှာပဲ ဒဏ်ရာနဲ့သေဆုံးသွားပါတယ်”ဟု အမ်းမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဓားထိုးခံရမှုကြောင့် သေဆုံးသွားသည့် ဦးပိုင်ပိုင် သည် အမ်းမြို့ရှိ အမှတ် ၄ ရပ်ကွက်နှင့်အမှတ် ၅ ရပ်ကွက်တို့အား ရပ်ကွက်နှစ်ခုပေါင်း၍ အုပ်ချုပ်ရသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကာ ၎င်း၏ရုပ်အလောင်းအား ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here