သားဖွားဆရာမများ ဖမ်းဆီးသတ်ဖြတ်ခံနေရမှုအား ပြင်းထန်စွာရှုတ်ချဟု မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီထုတ်ပြန်

0
242

သားဖွားဆရာမများ ဖမ်းဆီးသတ်ဖြတ်ခံနေရမှုအား ပြင်းထန်စွာရှုတ်ချဟု မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီထုတ်ပြန်

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှ တာဝန်ထမ်းဆောင်နေသည့် သားဖွားဆရာမများ ဖမ်း ဆီးသတ်ဖြတ်ခံနေရခြင်းနှင့်ပတ်သက်၍ ပြင်း ထန်စွာရှုတ်ချသည့် ထုတ်ပြန်ချက်တစ်စောင်အား ဇွန် ၈ ရက်ကထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းရှိ ရေဦးမြို့နယ်၊ကွမ်းအုံကျေးလက်ကျန်းမာရေးဌာန၊ချမ်းသာကျေးလက်ကျန်းမာ ရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသည့် သား ဖွားဆရာမ ဒေါ်စိုးစိုးအေး သည် ဧပြီ ၂၆ ရက်နှင့်စစ်ကိုင်းမြို့နယ်၊ဆားတောင်ကျေးလက်ကျန်းမာ ရေးဌာန၊လင်းယဉ်ကျေးလက်ကျန်းမာရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသည့် သားဖွားဆရာမ ဒေါ်နွယ်နွယ်စိုး သည် ဇွန် ၃ ရက်တို့၌ အကြမ်းသူများ၏ ဖမ်းဆီးခေါ်ဆောင်၍သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု ရေး သားထားသည်။

ထို့ကြောင့် သူနာပြုသားဖွားများ၊ကျန်းမာရေးဝန် ထမ်းများ ရက်စက်စွာသတ်ဖြတ်နေသည့် အ ကြမ်းဖက်သူများအား မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှပြင်းထန်စွာရှုတ်ချသည်ဟု ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရှိ သူနာပြုနှင့်သားဖွားများသည် ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ် ငန်းများအပြင် ပြည်သူလူထုအားအခြေခံကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းမှု၊ကိုယ်ဝန်ဆောင်မိခင်များ၏ ကိုယ်ဝန်ဆောင်စဉ်၊မွေးဖွားစဉ်နှင့်မွေးဖွားပြီးမိခင်နှင့်ကလေးငယ်များအား စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်ပေးနေသူများဖြစ် သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင် စီသည် သူ နာပြုနှင့်သားဖွားများ၏ သူနာပြုသား ဖွားလုပ်ငန်းဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်များ၊ထိန်းသိမ်းရမည့် အမူအကျင့်များနှင့်အညီ ပြည် သူလူထုအား အရည်အသွေးပြည့်မီသည့် သူနာပြုစောင့်ရှောက်မှုလုပ်ငန်းများအား ခံစားခွင့်ရရှိစေရန်နှင့်သူနာပြုသားဖွားများ၏ လုပ်ငန်းပိုင်းဆိုင် ရာဆောင်ရွက်ရာ၌ အကာအကွယ်ပေးနိုင်ရေးတို့အား ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here