တရုတ်စစ်တပ်လေယာဉ်တစ်စင်း လူနေရပ်ကွက်ထဲသို့ ပျက်ကျ

0
135

တရုတ်စစ်တပ်လေယာဉ်တစ်စင်း လူနေရပ်ကွက်ထဲသို့ ပျက်ကျ

ပေကျင်း၊ ဇွန် ၉ ရက်

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ လူနေရပ်ကွက်၌ ကြာသပတေးနေ့ ဇွန်လ ၉ ရက်နေ့တွင် တရုတ်စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ကြောင်း တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က‌ ပြောကြားခဲ့သည်။

အဆိုပါ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ် ဂျေ-၇ လေယာဉ်သည် ဟူဘေး ပြည်နယ်၌ စစ်ရေးလေ့ကျင့်နေရာမှ လူနေရပ်ကွက်ထဲသို့ ထိုးဆင်းပျက်ကျကာ လူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လေယာဉ်မှူးသည် လေယာဉ် မပျက်ကျမီ လေယာဉ်ပေါ်မှ ခုန်ဆင်းနိုင်ခဲ့၍ မြေပြင်ပေါ်သို့ လေထီးဖြင့် ဆင်းသက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့သည်ဟုနိုင်ငံပိုင်မီဒီယာ ဆင်ဟွာ၌ ဖော်ပြထားသည်။ လေယာဉ်မှူးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားများအား ဆေးရုံများသို့ပို့ဆောင်ထားကြောင်း သိရသည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် နောက်ထပ် သေဆုံးသူရှိမရှိ ဆက်လက်စုံစမ်းစစ်ဆေးနေပြီး အရေးပေါ်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံပိုင်မီဒီယာ၌ ဖော်ပြထားသည်။

Source: CNN

 


LEAVE A REPLY

Please enter your comment!
Please enter your name here