Sunday, December 22, 2024

အမေရိကန်တိုက်လေယာဉ်တစ်စင်း အချင်းချင်း မှားယွင်းပစ်ချခံရ

အမေရိက၏ F/A-18 တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၂ ရက်အစောပိုင်းက ပင်လယ်နီဝေဟင်တွင် မှားယွင်း၍ ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးနှစ်ဦးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အချင်းချင်းမှားယွင်းပစ်ခတ်မှုဟု...

ဘုရင့်နောင်မင်းတရားကြီးစီးနင်းခဲ့သည့် မြင်း (၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ ပဲခူး တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဘုရင့်နောင်မင်း တရားကြီးစီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဒီဇင်ဘာ...

ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုကြောင့် လူ ၃၈...

ဆော်ပိုလို၊ဒီဇင်ဘာ ၂၁ ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုတစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းသိရပြီး အဆိုးရွားဆုံးယာဉ်မတော်တဆမှုတစ်ခုဖြစ်သည်ဟု သမ္မတကပြောကြားခဲ့သည်။ ယခုယာဉ်တို-က်မှုသည် ၂၀၀၇ နောက်ပိုင်း အဆိုးရွားဆုံးယာဉ်တို-က်မှုတစ်ခုဖြစ်သည်ဟုလည်းသိရပြီး ၃၈ ဦး‌ေ-သဆုံးကာ...

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်...
HomeNewsLocal Newsထိုင်းနိုင်ငံ၌ ဆိုင်ကယ်မတော်တဆမှုကြောင့် သေ...

ထိုင်းနိုင်ငံ၌ ဆိုင်ကယ်မတော်တဆမှုကြောင့် သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် အသက်အာ မခံကြေး ဘတ် ၁ သန်းရရှိ

ထိုင်းနိုင်ငံ၌ ဆိုင်ကယ်မတော်တဆမှုကြောင့် သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် အသက်အာ မခံကြေး ဘတ် ၁ သန်းရရှိ

ထိုင်းနိုင်ငံသို့ Labour Asia Service Co.,Ltd မှစေ လွှတ်၍ ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားမောင်ဟိန်းမင်းစိုးသည် ဆိုင်ကယ်မတော်တဆမှုဖြစ်စဥ်ကြောင့် သေဆုံးခဲ့သည်။

မောင်ဟိန်းမင်းစိုးသေဆုံးမှုအတွက် အသက်အာ မခံကြေး ဘတ် ၁ သန်း၊လူမှုဖူလုံရေးအာမခံ ဘတ် ၅၀၀၀၀ နှင့်အလုပ်ရှင်ဖြစ်သည့် Perfect Companion Group Co.,Ltd မှကရုဏာကြေး ဘတ် ၅၀၀၀ တို့အား မြန်မာသံရုံး၌ ၎င်း၏မိသား စုဝင်များထံ ဇွန် ၉ ရက်(ယနေ့)တွင် ပေးအပ်ခဲ့သည်။

မောင်ဟိန်းမင်းစိုး၏ အကိုဖြစ်သူ အရှင်ပညာဇည(မဟာချူလာတက္ကသိုလ်၊အယုဒ္ဓယ)မှ ပေးအပ်ခဲ့သည့် အသက်အာမခံကြေး၊လူမှုဖူလုံရေးအာမခံနှင့်ကရုဏာကြေးတို့အား လက်ခံခဲ့သည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဆိုင်ကယ်စီးနင်းသွားလာရာ တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများအား သိရှိလိုက်နာရန်နှင့်မမြင်နိုင်သည့် အန္တရာယ်များ ကြုံတွေ့တတ်၍ အသက်အာမခံတစ်ခုခုအား ကြို တင်ဝယ်ယူထားသင့်သည်ဟု မြန်မာသံရုံးမှအကြံ ပြုပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်တိုက်လေယာဉ်တစ်စင်း အချင်းချင်း မှားယွင်းပစ်ချခံရ

အမေရိက၏ F/A-18 တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၂ ရက်အစောပိုင်းက ပင်လယ်နီဝေဟင်တွင် မှားယွင်း၍ ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးနှစ်ဦးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အချင်းချင်းမှားယွင်းပစ်ခတ်မှုဟု ယူဆရကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြောကြားသည်။ အမေရိကန်ဗဟိုစစ်ဌာနချပ်၏ သတင်းထုတ်ပြန်ချက်အရ လေယာဉ်မှူးတစ်ဦးသည် ဒဏ်ရာ အသေးအဖွဲများရရှိခဲ့သည်ဟု ဆိုသည်။ အမေရိကန်တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စု ယူအက်စ်အက်စ် ဟယ်ရီ အက်စ် ထရူးမင်းမှ ပဲ့ထိန်းဒုံးတပ် ခရုဇာစစ်သင်္ဘော USS Gettysburg သည် လေယာဉ်တင်သင်္ဘောပေါ် ပျံသန်းနေသည့် လေယာဉ်ကို မှားယွင်းပစ်မိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။ ဖြစ်စဉ်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုလုပ်နေသည်ဟု စစ်တပ်က...

ဘုရင့်နောင်မင်းတရားကြီးစီးနင်းခဲ့သည့် မြင်း (၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ ပဲခူး တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဘုရင့်နောင်မင်း တရားကြီးစီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဒီဇင်ဘာ ၂၁ ရက်ကကြည့်ရှုစစ်ဆေး၍ ရှေးမူလက်ရာအတိုင်းဆောက်လုပ်ရာတွင် သမိုင်းဆိုင်ရာအချက်အလက်မှန်များကို ကိုးကားဆောင်ရွက်ရန်၊ ခိုင်ခန့်မှုကိုဦးစားပေးရန်၊ မြန်မာလက်မှု အနုပညာလက်ရာအနုစိတ်များထည့်သွင်းဆောင်ရွက်ရန် မှာကြားသည်။ ထို့ပြင် အေဒီ ၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်၊ ဟံသာဝတီမြို့တော်သစ်နှင့် ဒုတိယမြန်မာနိုင်ငံအားတည်ထောင်သူ ဘုရင့်နောင်မင်း တရားကြီး(ဆင်ဖြူများရှင်)စီးနင်းသည့် ပုံစံတူရထားလုံးတော်ကြီးဖြစ်၍ ခန့်နားထည်ဝါစွာတည်ဆောက်နိုင်ရန် သမိုင်းပညာရှင်များ၊ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့အတူ ပဲခူးတိုင်းဝန်ကြီးချုပ်သည် သိန္နီတံခါး ပေါက်အနီးရှိ ဟံသာဝတီရှေးဟောင်းမြို့ရိုး၊ တောင်ငူတံခါးပေါက်...

ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုကြောင့် လူ ၃၈ ဦး‌ေ-သဆုံး

ဆော်ပိုလို၊ဒီဇင်ဘာ ၂၁ ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုတစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းသိရပြီး အဆိုးရွားဆုံးယာဉ်မတော်တဆမှုတစ်ခုဖြစ်သည်ဟု သမ္မတကပြောကြားခဲ့သည်။ ယခုယာဉ်တို-က်မှုသည် ၂၀၀၇ နောက်ပိုင်း အဆိုးရွားဆုံးယာဉ်တို-က်မှုတစ်ခုဖြစ်သည်ဟုလည်းသိရပြီး ၃၈ ဦး‌ေ-သဆုံးကာ ၈ ဦးကိုဆေးရုံတင်ထားရသည်ဟုလည်းသိရသည်။ ကားသည်ဘီးကျွတ်ထွက်သွားပြီး ထိန်းချုပ်ရန်ခက်ခဲကာ ထရပ်ကားတစ်စီးကိုသွားဝင်တို-က်မိရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ကသွားရောက်မီးငြှိမ်းခဲ့ရသည်ဟုလည်းသိရသည်။ ‌ေ-သဆုံးသွားသူများထဲတွင် ဘက်စ်ကားယာဉ်မောင်းလည်းပါဝင်ပြီး အနည်းဆုံး ကလေးငယ်တစ်ဦးထက်မနည်းလည်းပါဝင်သည်ဟုသိရသည်။ဘရာဇီးသမ္မတကမူ ၎င်းအနေဖြင့် ယခုမတော်တဆမှုအတွက် စိတ်ထိခိုက်မိကြောင်းဆိုကာ ဒဏ်ရာရသူများလည်း အမြန်ပြန်လည်ကျန်းမာလာစေလိုကြောင်းဆိုခဲ့သည်။ Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071