ထိုင်းနိုင်ငံ၌ ဆိုင်ကယ်မတော်တဆမှုကြောင့် သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် အသက်အာ မခံကြေး ဘတ် ၁ သန်းရရှိ

0
165

ထိုင်းနိုင်ငံ၌ ဆိုင်ကယ်မတော်တဆမှုကြောင့် သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် အသက်အာ မခံကြေး ဘတ် ၁ သန်းရရှိ

ထိုင်းနိုင်ငံသို့ Labour Asia Service Co.,Ltd မှစေ လွှတ်၍ ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားမောင်ဟိန်းမင်းစိုးသည် ဆိုင်ကယ်မတော်တဆမှုဖြစ်စဥ်ကြောင့် သေဆုံးခဲ့သည်။

မောင်ဟိန်းမင်းစိုးသေဆုံးမှုအတွက် အသက်အာ မခံကြေး ဘတ် ၁ သန်း၊လူမှုဖူလုံရေးအာမခံ ဘတ် ၅၀၀၀၀ နှင့်အလုပ်ရှင်ဖြစ်သည့် Perfect Companion Group Co.,Ltd မှကရုဏာကြေး ဘတ် ၅၀၀၀ တို့အား မြန်မာသံရုံး၌ ၎င်း၏မိသား စုဝင်များထံ ဇွန် ၉ ရက်(ယနေ့)တွင် ပေးအပ်ခဲ့သည်။

မောင်ဟိန်းမင်းစိုး၏ အကိုဖြစ်သူ အရှင်ပညာဇည(မဟာချူလာတက္ကသိုလ်၊အယုဒ္ဓယ)မှ ပေးအပ်ခဲ့သည့် အသက်အာမခံကြေး၊လူမှုဖူလုံရေးအာမခံနှင့်ကရုဏာကြေးတို့အား လက်ခံခဲ့သည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဆိုင်ကယ်စီးနင်းသွားလာရာ တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများအား သိရှိလိုက်နာရန်နှင့်မမြင်နိုင်သည့် အန္တရာယ်များ ကြုံတွေ့တတ်၍ အသက်အာမခံတစ်ခုခုအား ကြို တင်ဝယ်ယူထားသင့်သည်ဟု မြန်မာသံရုံးမှအကြံ ပြုပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here