Sunday, December 22, 2024

အမေရိကန်တိုက်လေယာဉ်တစ်စင်း အချင်းချင်း မှားယွင်းပစ်ချခံရ

အမေရိက၏ F/A-18 တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၂ ရက်အစောပိုင်းက ပင်လယ်နီဝေဟင်တွင် မှားယွင်း၍ ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးနှစ်ဦးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အချင်းချင်းမှားယွင်းပစ်ခတ်မှုဟု...

ဘုရင့်နောင်မင်းတရားကြီးစီးနင်းခဲ့သည့် မြင်း (၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ ပဲခူး တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဘုရင့်နောင်မင်း တရားကြီးစီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဒီဇင်ဘာ...

ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုကြောင့် လူ ၃၈...

ဆော်ပိုလို၊ဒီဇင်ဘာ ၂၁ ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုတစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းသိရပြီး အဆိုးရွားဆုံးယာဉ်မတော်တဆမှုတစ်ခုဖြစ်သည်ဟု သမ္မတကပြောကြားခဲ့သည်။ ယခုယာဉ်တို-က်မှုသည် ၂၀၀၇ နောက်ပိုင်း အဆိုးရွားဆုံးယာဉ်တို-က်မှုတစ်ခုဖြစ်သည်ဟုလည်းသိရပြီး ၃၈ ဦး‌ေ-သဆုံးကာ...

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်...
HomeNewsLocal Newsမြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည်ဆောင်ပြီးစီးပါက ရန်ကုန်မြို့မှတဆင့်...

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည်ဆောင်ပြီးစီးပါက ရန်ကုန်မြို့မှတဆင့် ဒလ၊တွံတေး၊ကော့မှူးနှင့်ကွမ်းခြံကုန်းမြို့ နယ်များသို့ လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည်ဆောင်ပြီးစီးပါက ရန်ကုန်မြို့မှတဆင့် ဒလ၊တွံတေး၊ကော့မှူးနှင့်ကွမ်းခြံကုန်းမြို့ နယ်များသို့ လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်

နစက ဥက္ကဋ္ဌသည် ဇွန် ၉ ရက်က မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းတည် ဆောက်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရွှေလေးမှ တံတားတည် ဆောက်ရေးစီမံကိန်းသမိုင်းကြောင်းနှင့်စီမံကိန်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့အားရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်မှုအားတို့ကိုပါ ထည့်သွင်းစဉ်းစားတွက်ချက်ဆောင် ရွက်ရမည်ဟု မှာကြားသည်။

“တံတားချဉ်းကပ်လမ်းပိုင်းနေရာတွေက လူနေတိုက်တွေနဲ့နီးနေတာကြောင့် သဘာဝဘေး အန္တရာယ်နဲ့လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အလေးထားစဉ်းစားဆောင်ရွက်စေလိုပါတယ် နောက်ပြီး ရေယာဉ်တွေလွတ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ဖို့အတွက်လည်း ရေလမ်းကင်းလွတ်အမြင့်ကိုတွက်ချက်ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် တည်ဆောက်ရေးလုပ်ငန်းများအား သတ် မှတ်ကာလအတွင်း ပြီးစီးနိုင်ရန်နှင့်ဦးစားပေးအလိုက် ဆောင်ရွက်သင့်သည်များအား ပြီးစီးရန်ဆောင်ရွက်သွားရမည်ဟု မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် တံတားတည် ဆောက်ရေးစီမံကိန်းရှိ ရန်ကုန်ဘက်ခြမ်း Main Bridge Pylon 2 နေရာ၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံ တားတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှတဆင့် ဒလ၊တွံတေး၊ကော့မှူးနှင့်ကွမ်းခြံကုန်းမြို့နယ်များသို့ လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့၏ ယာဥ်ကြောပိတ်ဆို့မှုများအား အ တိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေးစီမံကိန်းသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံချစ်ကြည်ရေးခရီးစဉ်၌ မြန်မာနိုင်ငံတွင် မြန် မာ-ကိုရီးယားချစ်ကြည်ရေးတံတားစီမံကိန်းတစ်ခုအကောင်အထည်ဖော်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့ကာ တံတားသည် ကြိုးဆိုင်းတံတား(Cable – Stayed Bridge)ဖြစ်ကြောင်း သိရသည်။

 

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်တိုက်လေယာဉ်တစ်စင်း အချင်းချင်း မှားယွင်းပစ်ချခံရ

အမေရိက၏ F/A-18 တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၂ ရက်အစောပိုင်းက ပင်လယ်နီဝေဟင်တွင် မှားယွင်း၍ ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးနှစ်ဦးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အချင်းချင်းမှားယွင်းပစ်ခတ်မှုဟု ယူဆရကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြောကြားသည်။ အမေရိကန်ဗဟိုစစ်ဌာနချပ်၏ သတင်းထုတ်ပြန်ချက်အရ လေယာဉ်မှူးတစ်ဦးသည် ဒဏ်ရာ အသေးအဖွဲများရရှိခဲ့သည်ဟု ဆိုသည်။ အမေရိကန်တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စု ယူအက်စ်အက်စ် ဟယ်ရီ အက်စ် ထရူးမင်းမှ ပဲ့ထိန်းဒုံးတပ် ခရုဇာစစ်သင်္ဘော USS Gettysburg သည် လေယာဉ်တင်သင်္ဘောပေါ် ပျံသန်းနေသည့် လေယာဉ်ကို မှားယွင်းပစ်မိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။ ဖြစ်စဉ်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုလုပ်နေသည်ဟု စစ်တပ်က...

ဘုရင့်နောင်မင်းတရားကြီးစီးနင်းခဲ့သည့် မြင်း (၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ ပဲခူး တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဘုရင့်နောင်မင်း တရားကြီးစီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဒီဇင်ဘာ ၂၁ ရက်ကကြည့်ရှုစစ်ဆေး၍ ရှေးမူလက်ရာအတိုင်းဆောက်လုပ်ရာတွင် သမိုင်းဆိုင်ရာအချက်အလက်မှန်များကို ကိုးကားဆောင်ရွက်ရန်၊ ခိုင်ခန့်မှုကိုဦးစားပေးရန်၊ မြန်မာလက်မှု အနုပညာလက်ရာအနုစိတ်များထည့်သွင်းဆောင်ရွက်ရန် မှာကြားသည်။ ထို့ပြင် အေဒီ ၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်၊ ဟံသာဝတီမြို့တော်သစ်နှင့် ဒုတိယမြန်မာနိုင်ငံအားတည်ထောင်သူ ဘုရင့်နောင်မင်း တရားကြီး(ဆင်ဖြူများရှင်)စီးနင်းသည့် ပုံစံတူရထားလုံးတော်ကြီးဖြစ်၍ ခန့်နားထည်ဝါစွာတည်ဆောက်နိုင်ရန် သမိုင်းပညာရှင်များ၊ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့အတူ ပဲခူးတိုင်းဝန်ကြီးချုပ်သည် သိန္နီတံခါး ပေါက်အနီးရှိ ဟံသာဝတီရှေးဟောင်းမြို့ရိုး၊ တောင်ငူတံခါးပေါက်...

ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုကြောင့် လူ ၃၈ ဦး‌ေ-သဆုံး

ဆော်ပိုလို၊ဒီဇင်ဘာ ၂၁ ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုတစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းသိရပြီး အဆိုးရွားဆုံးယာဉ်မတော်တဆမှုတစ်ခုဖြစ်သည်ဟု သမ္မတကပြောကြားခဲ့သည်။ ယခုယာဉ်တို-က်မှုသည် ၂၀၀၇ နောက်ပိုင်း အဆိုးရွားဆုံးယာဉ်တို-က်မှုတစ်ခုဖြစ်သည်ဟုလည်းသိရပြီး ၃၈ ဦး‌ေ-သဆုံးကာ ၈ ဦးကိုဆေးရုံတင်ထားရသည်ဟုလည်းသိရသည်။ ကားသည်ဘီးကျွတ်ထွက်သွားပြီး ထိန်းချုပ်ရန်ခက်ခဲကာ ထရပ်ကားတစ်စီးကိုသွားဝင်တို-က်မိရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ကသွားရောက်မီးငြှိမ်းခဲ့ရသည်ဟုလည်းသိရသည်။ ‌ေ-သဆုံးသွားသူများထဲတွင် ဘက်စ်ကားယာဉ်မောင်းလည်းပါဝင်ပြီး အနည်းဆုံး ကလေးငယ်တစ်ဦးထက်မနည်းလည်းပါဝင်သည်ဟုသိရသည်။ဘရာဇီးသမ္မတကမူ ၎င်းအနေဖြင့် ယခုမတော်တဆမှုအတွက် စိတ်ထိခိုက်မိကြောင်းဆိုကာ ဒဏ်ရာရသူများလည်း အမြန်ပြန်လည်ကျန်းမာလာစေလိုကြောင်းဆိုခဲ့သည်။ Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071