မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ အပြုသ ဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းမပြုလုပ်သင့်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ဒု-ဝန်ကြီးပြော

0
149

မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ အပြုသ ဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းမပြုလုပ်သင့်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ဒု-ဝန်ကြီးပြော

နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ဒု-ဝန်ကြီး၊အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. KUNG Phoak မှ ဇွန် ၉ ရက်ကလာရောက်တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်မှလည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည့်ဝသောဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးသည် အခြေခံအုတ်မြစ်များဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟုပြောသည်။

“ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေပါတယ် မြန်မာပြည်သူတွေရဲ့ အကျိုးကိုရည်မျှော်ပြီး အာဆီယံရဲ့တူညီဆန္ဒ ၅ ချက်အကောင်အထည်ဖော်ဆောင်ရေးမှာ သိသာ ထင်ရှားတဲ့ ဖြစ်ပေါ်တိုးတက်မှုများရှိပါတယ် မြန် မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေဟာ နိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်ပြီး ဒေသတွင်းနဲ့နိုင်ငံ တကာကိစ္စအဖြစ် ပုံဖော်မှုမပြုသင့်ပါဘူး”ဟု ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်ကပြောသည်။

ထို့ပြင် အာဆီယံ၏ တူညီဆန္ဒ ၅ ချက်အား အ ကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊နည်းဥပဒေများနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ဟု ပြောသည်။

အလားတူ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ဒု-ဝန်ကြီး၊အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. KUNG Phoak မှလည်း မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်ဟု ကမ္ဘောဒီးယားနိုင်ငံမှယူဆသည်ဟုပြောသည်။

ထို့ပြင် အာဆီယံ၏တူညီဆန္ဒ ၅ ချက်၏ စတုတ္ထအချက်အား အကောင်အထည်ဖော်ရာတွင် လို အပ်ချက်ဆန်းစစ်ခြင်းလုပ်ငန်းများအပါအဝင် ဖြစ်ပေါ် တိုးတက်မှုများအား ကျေနပ်အားရကာ ကျန်ရှိသည့်အချက်များအား အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here