ခရီးသည်တင်ကားနှင့်စက်ဘီးတိုက်မိ၍ စက်ဘီးစီးလာသူသေဆုံး

0
121

ခရီးသည်တင်ကားနှင့်စက်ဘီးတိုက်မိ၍ စက်ဘီးစီးလာသူသေဆုံး

ပဲခူးတိုင်း၊အုတ်တွင်းမြို့တွင် ဇွန် ၁၀ ရက်(ယနေ့) နံနက်ပိုင်းက ခရီးသည်တင်ကားနှင့်စက်ဘီးတိုက်မိ၍ စက်ဘီးစီးလာသည့် အသက်(၇၀)နှစ်ရှိ အ မျိုးသားသေဆုံးခဲ့သည်ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ သိရသည်။

အုတ်တွင်းမြို့ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၏ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့၌ ရန်ကုန်ဘက်မှတောင်ငူဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားနှင့် သံတိုင်ခင်ကျေးရွာဘက်မှအုတ်တွင်းမြို့ဘက်သို့ နင်းလာသည့်စက်ဘီးတို့ ငြိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ငြိမိခဲ့သဖြင့် စက်ဘီးနင်းလာသည့် အသက်(၇၀)နှစ်ရှိ အမျိုးသားသည် ကွန်ကရစ်လမ်းပေါ်သို့လဲကျကာ ဦးခေါင်း၌ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သည်။

ထို့ကြောင့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ ထိခိုက်ဒဏ်ရာရသူအား ဆေးကုသမှုခံယူရန် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် တောင်ငူမြို့ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြသည်။

ထိုသို့ ပို့ဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိခဲ့သူသည် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား အုတ်တွင်းမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo-ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)


LEAVE A REPLY

Please enter your comment!
Please enter your name here