ကျောက်ဆည်မြို့နယ်၌ ငွေကျပ် ၆ ဘီလီယံတန် ဖိုးရှိ စိတ်ကြွဆေးပြား သိန်း ၄၀ ပြားအားကုန်တင်ကားပေါ်မှ ဖမ်းဆီးရမိ

0
152

ကျောက်ဆည်မြို့နယ်၌ ငွေကျပ် ၆ ဘီလီယံတန် ဖိုးရှိ စိတ်ကြွဆေးပြား သိန်း ၄၀ ပြားအားကုန်တင်ကားပေါ်မှ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်၊ရွာငံ-ဟံမြင့်မိုရ်သွားကားလမ်း၏ သံရွာစစ်ဆေးရေးဂိတ်၌ ဇွန် ၇ ရက်နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၆ နာရီခန့်က သံရွာစစ်ဆေးရေးဂိတ်၌ ရွာငံဘက်မှကျောက်ဆည်ဘက်သို့ ကိုတင့်လွင် မောင်းလာသည့် HINO ၁၂ ဘီးကားအား သ တင်းအရရဲတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ ရှာဖွေရာကားပေါ်ရှိ ပြောင်းဖူးအိတ်များဖြင့် ဖုံး၍သယ်လာသည့် ငွေကျပ် ၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား သိန်း ၄၀ ပြားအားဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများအား ရှမ်းပြည် (တောင်ပိုင်း)မှ မန္တလေးတိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here