မောင်းမကန်‌ကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ကမ်းခြေတွင်သေနတ်ဖြင့် ပစ်သတ်ခံရ

0
187

မောင်းမကန်‌ကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ကမ်းခြေတွင်သေနတ်ဖြင့် ပစ်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှ ရပ်ကျေး အုပ်ချုပ်ရေးမှုးတစ်ဦး မောင်းမကန် ကမ်းခြေတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲရကြောင်း သိရသည်။

အဆိုပါ မောင်းမကန်ကျေးရွာ ရပ်ကျေး အုပ်ချုပ်ရေးမှူးကို ဇွန်လ (၉) ရက် မွန်းလွဲ (၂)နာရီဝန်းကျင်က မောင်းမကန် ကမ်းခြေတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

သေဆုံးသူသည် ဦးစံတင်ဆိုသူဖြစ်ပြီး ရဲနှင့် စစ်တပ်သို့ သတင်းပေးနေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်းလည်း ဖော်ပြသည်။

“ကမ်းခြေမှာ အပစ်ခံလိုက်ရတယ် ကြားတယ်။ အဓိကတော့ ဒလန် လုပ်လို့ ဆိုတဲ့အချက်နဲ့ ပစ်သတ်သွားတာပဲ။ ဟုတ်မဟုတ်တော့ ကိုယ်တွေလည်း မသိဘူး” ဟု မောင်းမကန်ကျေးရွာမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ် သတ်ဖြတ်ခြင်း ခံနေရပြီး ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန် တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ သာကေတမြို့နယ်တို့မှ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးလည်း ဇွန်လ ၉ ရက် နံနက်ပိုင်းက ဓားဖြင့် ထိုးခံခဲ့ရ၍ သေဆုံးသွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here