အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက် မဲဆောက်ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာ

0
96

အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက် မဲဆောက်ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်သည် ယနေ့ ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်သည် အာစီယံ (၃) နိုင်ငံဖြစ်သည့် ထိုင်း ၊ စင်္ကာပူနှင့် ဘရူနိုင်း နိုင်ငံတို့ကို သွားရောက်မည့် ၎င်း၏ ခရီးစဉ်ကို ဇွန် ၇ ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဦးစွာ ရောက်ရှိနေခြင်း ဖြစ်သည်။

မစ္စတာ ဒဲရစ်ချောလက်သည် ယမန်နေ့ ဇွန်လ (၉) ရက်နေ့တွင် လည်း ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ တာဆောင်ယမ်းမြို့ရှိ မဲ့လဒုက္ခသည်စခန်းသို့ သွားရောက်ကာ မြန်မာ ဒုက္ခ သည်များနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ယခုခရီးစဉ်တွင် မြန်မာ့အရေး အပါအဝင် အမေရိကန် – အာဆီယံ ထိပ်သီး အထူးအစည်းအဝေး ဆုံးဖြတ်ချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးသွားရန်ရှိကြောင်း အမေရိကန်နိုင်ငံခြား ရေးဌာနက ထုတ်ပြန်ထားသည်။

၎င်း၏ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ အစိုးရ ထိပ်တန်းအ ကြီးအကဲများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံအရေး ကိစ္စများဆွေးနွေးသွားမည့်အပြင် မြန်မာပြည်သူတွေကို ကူညီနိုင်ရေးအတွက် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုအပေါ် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

စင်္ကာပူနှင့် ဘရူနိုင်းနိုင်ငံ အကြီးအကဲများနှင့် တွေ့ဆုံရာတွင်လည်း မြန်မာ့အရေး ထည့်သွင်း ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်း၏ ခရီးစဉ်ကို ဇွန်လ ၁၄ ရက်တွင် အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ


LEAVE A REPLY

Please enter your comment!
Please enter your name here