AHA Centre မှပေးအပ်မည့် အကူအညီများအား ခွဲခြားမှုမရှိဘဲ အမှန်တကယ်လိုအပ်သည့် ပြည်သူများထံ ရောက်ရှိရေးကူညီဆောင်ရွက်သွားမည်

0
136

AHA Centre မှပေးအပ်မည့် အကူအညီများအား ခွဲခြားမှုမရှိဘဲ အမှန်တကယ်လိုအပ်သည့် ပြည်သူများထံ ရောက်ရှိရေးကူညီဆောင်ရွက်သွားမည်

AHA Centre မှ တစ်ဆင့်ပေးအပ်မည့်လူသားချင်းစာနာထောက်ထားမှုအကူအညီများစီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင် စုဝန်ကြီးဦးကိုကိုလှိုင်ကပြောကြားခဲ့ခြင်းဖြစ် သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ဒု-ဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန် ၉ ရက်က နေပြည်တော်၌ လက်ခံတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူသားချင်းစာနာမှုအကူအညီတွေပေးရာမှာ လက်တွေ့ကျပြီး အမှန်တကယ်လုပ်ဆောင်နိုင်ဖို့လိုပါတယ် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအ ကူအညီတွေပေးအပ်ရေးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊နည်းဥပဒေတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ကပြောသည်။

အလားတူ AHA Centre မှပေးအပ်မည့် အကူအ ညီများအား ခွဲခြားမှုမရှိဘဲ အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိရေးအားကူညီဆောင်ရွက်သွားမည်ဟု ပြောသည်။

အလားတူ H.E. Dr. KUNG Phoak မှလည်း မြန်မာ နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအ ညီများပေးအပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်၌ လိုအပ်ချက်ဆန်းစစ်ခြင်းအပါအဝင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံဘက်မှ ကူ ညီဆောင်ရွက်ပေးခဲ့မှုများအတွက် အသိအမှတ် ပြုသည်ဟု ပြောကြားသည်။

ထို့ပြင် အာဆီယံ၏ တူညီဆန္ဒ ၅ ချက်အနက် စ တုတ္ထအချက်အား အကောင်အထည်ဖော်ရန် ရှေ့ ဆက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေး နွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here