ထိုင်းနိုင်ငံတွင် ဆေးခြောက်မှုဖြင့် ပြစ်ဒဏ်ကျခံရသူ ၃၀၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

0
167

ထိုင်းနိုင်ငံတွင် ဆေးခြောက်မှုဖြင့် ပြစ်ဒဏ်ကျခံရသူ ၃၀၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ထိုင်းနိုင်ငံတွင် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနှင့် သုံးစွဲမှုအတွက် ပြစ်ဒဏ်ကျခံထားရသော အကျဉ်းသား ၃၀၄၆ ဦးကို လွတ်ငြိ်မ်းချမ်းသာခွင့်ဖြင့် ယမန်နေ့ ဇွန် ၉ ရက်က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် THE STANDARD News ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ သတင်းတွင် ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်အရ လက်ရှိ ဆေးခြောက်မှုဖြင့် ပြစ်ဒဏ် ကျခံနေရသူ စုစုပေါင်း ၄၀၅၇ ဦး ရှိသည့်အနက်၃၀၄၆ ဦးကို လွတ်ငြိမ်းခွင့် ဖြင့် ပြန်လည်လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်ခွတ်မြောက်သူများသည် လက်ဝယ်တွေ့ရှိမှုနှင့် သုံးစွဲမှုဖြင့် ပြစ်ဒဏ်ကျခံရသူ အများဆုံးဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ပထမဆုံးအရှေ့အာရှ နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး၊ ဆေးခြောက်နှင့် ပတ်သက်သည့် ဥပဒေသစ်အရ ဆရာဝန်အတည်ပြုချက်ရရှိပြီး သတ်မှတ်ပမာဏနှင့် အမျိုးအစားလိုက် သုံးစွဲခွင့်ပြုထားကြောင်း သိရသည်။

ထို့အပြင် FDA လိုင်စင်မရှိဘဲ ဆေးခြောက်တရားမဝင်ရောင်းချခြင်း၊ ရောင်းချရန်ရည်ရွယ်ခြင်း ဖြစ်ပါက တစ်ကီလိုအောက်လက်ဝယ်ရှိသူ မည်သူမဆို ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂၀၀၀၀ ချမှတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ဆေးခြောက်နှင့် ဆေးခြောက်ထုတ်ကုန်များဖြန့်ဖြူးခွင့်ကို FDA က ထိန်းချုပ်ထားပြီး၊ လက်ရှိတွင် ထုတ်ကုန်ပေါင်း ၁၂၀၀ ကျော်မှတ်ပုံတင်၍ ရောင်းချလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here