သီရိလင်္ကာပြည်သူများအတွက်အရေးပေါ်အကူညီတောင်းခံ

0
101

သီရိလင်္ကာပြည်သူများအတွက်အရေးပေါ်အကူညီတောင်းခံ

သီရိလင်္ကာရှိ ကုလသမဂ္ဂအဖွဲ့နှင့် NGO အဖွဲ့အစည်းများပူးပေါင်း၍ အရေးပေါ်အကူအညီများ ထောက်ပံ့နိုင်ရန် HNPအစီအစဉ်ကို စတင်လိုက်ပြီးအမေရိကန်ဒေါ်လာ ၄၇.၂ သန်းတောင်းဆိုထားသည်။

အဆိုပါ HNP လူသားချင်းစာနာမှုလိုအပ်ချက်နှင့် ဦးစားပေးအစီစဥ်က​နေပြီး စီးပွားရေး အကျပ်အတည်းကြောင့် ထိခိုက်မှုအများဆုံး လူ ၁.၇ သန်းအားကူညီကယ်တင်မည်ဖြစ်သည်။

အဆိုပါ HNP အစီအစဉ်ကို ကြာသပတေးနေ့ကစတင်အသက်သွင်းခဲ့ပြီးယခုအစီအစဥ်သည် မကြာသေးမီအကျပ်အတည်းမှပေါ်ပေါက်လာသော အရေးကြီးဆုံးလိုအပ်ချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လိုအပ်သောဆေးဝါးအထောက်အပံ့၊အစားအစာနှင့်စိုက်ပျိုး‌ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းရန်အတွက်သုံးမည်ဖြစ်သည်။

ကုလသမဂ္ဂမစ်ရှင်၏အဆိုအရ သီရိလင်္ကာရှိ အမျိုးသမီး၊ ကလေးများနှင့် အမျိုးသား ၅.၇ သန်းနီးပါးသည် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများထံမှသိရှိရသည်။

HNP အစီအစဉ်တွင်ထည့်သွင်းရန် ရည်ရွယ်ထားသောလူ ၁.၇ သန်းမှာ အသက်မွေးဝမ်းကျောင်းမှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမမှီဘဲ အရေးပေါ်အကူအညီလိုအပ်နေသူများဖြစ်သည်။

ယခုအချိန်သည် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သီရိလင်္ကာပြည်သူများနှင့်အတူတစ်သားတည်းရှိကြောင်းပြသရမည့်အချိန်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံသည် စားနပ်ရိက္ခာရှားပါးခြင်း၊ချက်ပြုတ်ရေး၊သယ်ယူပို့ဆောင်ရေး၊စက်မှုလုပ်ငန်းအတွက် လောင်စာဆီသာမက နေ့စဉ်ဓာတ်အားပြတ်တောက်မှုများလည်းဆိုးဝါးစွာဖြစ်ပေါ်နေသည်။

၂၀၂၂ ခုနှစ် မတ်လကတည်းကကုန်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သောသွင်းအားစုများ ရှားပါးလာခြင်းကြောင့်ငွေကြေး၏ ၈၀ ရာခိုင်နှုန်း ကျဆင်းခြင်း၊ နိုင်ငံခြားအရန်ငွေ နည်းပါးခြင်းနှင့် နိုင်ငံတကာ ကြွေးမြီများကို ပေးဆောင်ရန် ပျက်ကွက်ခြင်းတို့ကြောင့် စီးပွားရေးသည် သိသိသာသာ ပြိုလဲသွားဖွယ်ရှိသည်။

ယခုလက်ရှိတွင် ဆေးအမျိုးပေါင်း ၂၀၀ နီးပါးပြတ်လပ်နေကာ အခြားဆေးမျိုးပေါင်း ၁၆၃ မျိုးကလည်းနောက်နှစ်လသုံးလအတွင်းပြတ်လပ်တော့မည်ဟုခန့်မှန်းထားကြသည်။

ထို့အပြင် အကျပ်အတည်း‌ကြောင့်ခွဲစိတ်ခန်း ၂၇၀၀ ကျော်နှင့်ဓာတ်ခွဲခန်းသုံးပစ္စည်း ၂၅၀ ကျော်လည်းလိုအပ်ချက်ရှိ​နေသည်။ ဓာတ်အားပြတ်တောက်မှုနှင့် မီးစက်များလည်ပတ်ရန် လောင်စာဆီပြတ်လပ်မှုတို့ကြောင့် ဆေးရုံအများအပြားတွင် ပုံမှန်မဟုတ်သော အရေးပေါ်ခွဲစိတ်မှုများနှင့် ကုသမှုများကို ရွှေ့ဆိုင်းခဲ့ရသည်။
Source – WionNews


LEAVE A REPLY

Please enter your comment!
Please enter your name here