သီပေါမြို့နယ်တွင် ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်

0
205

သီပေါမြို့နယ်တွင် ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်

ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် ယခုလ ဇွန် (၈)ရက်နေ့မှစတင်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄အရ ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ပြီး၊ ည(၈)နာရီမှ နံနက် (၄)နာရီအချိန်အတွင်း ညမထွက်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

ထို့အပြင် လူငါးဦးထက်ပိုသောသူများသည် သီပေါမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သောနေရာများတွင် ည(၈)နာရီမှ နံနက် (၄)နာရီအတွင်း စုဝေးခြင်းမပြုရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ယခုထုတ်ပြန်လိုက်သည့် ပုဒ်မ ၁၄၄ အမိန့်သည် နောက်ထပ် အမိန့်တစ်စုံတရာ မရမချင်း အတည်ပြုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့သို့ဆောင်ရွက်ရခြင်းသည် တည်ငြိမ်းအေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်းခတ်မှုများဖြစ်ပွားစေနိုင်သည်ဟု ယူဆသဖြင့် သီပေါမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်အမျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း ၊ လှုံ့ဆော် ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြုလုပ်ရန်တားမြစ်လိုက်ကြောင်း သိရသည်။

Photo Credit-Tachileik News Agency


LEAVE A REPLY

Please enter your comment!
Please enter your name here