လူမှုကွန်ယက်စာမျက်နှာမှာပျံ့နှံ နေတဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့သတင်းအမှားနဲ့ပတ်သက်ပြီးဖြေရှင်းခဲ့တဲ့ အိကျော်ဇင်

0
393

လူမှုကွန်ယက်စာမျက်နှာမှာပျံ့နှံ နေတဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့သတင်းအမှားနဲ့ပတ်သက်ပြီးဖြေရှင်းခဲ့တဲ့ အိကျော်ဇင်

အခုလက်တလောလူမှုကွန်ယက်စာမျက်နှာမှာပျံ့နှံ့နေတဲ့ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့သတင်းအမှားတွေနဲ့ပတ်သက်ပြီးမိသားစုတင်တဲ့သတင်းမှလွဲပြီး ဘယ်သတင်းမှ မယုံကြဖို့အိန္ဒြာကျော်ဇင်ရဲ့ အမဖြစ်သူ အိကျော်ဇင်ကအခုလိုပဲပြောပြထားပါတယ်။

” မောင်လေးပြေတီဦးနဲ့ညီမလေး အိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေအခုတလောခဏခဏတက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့အနုပညာကိုတန်ဖိုးထားပြီး ချစ်ပေးတဲ့ ပရိသတ်တွေအနေနဲ့ မိသားစုကတင်တဲ့သတင်းကလွဲလို့ဘယ်သတင်းမှ မယုံကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ညီမလေး အိန္ဒြာကျော်ဇင်ဟာ အခုအချိန်မှာ တစ်ချို့သော ကျန်းမာရေးပြဿနာတွေရှိလို့ ဆေးကုသမှုခံယူပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း အနားယူနေရတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ကိုယ်တိုင်ပရိသတ်ရှေ့ကို မထွက်နိုင်ခင်မှာ သူချစ်တဲ့ ပရိသတ်နဲ့ ထိတွေ့နိုင်မယ့် နည်းလမ်းလေးတွေ စဉ်းစားနေတယ်လို့လဲ ညီမလေးကပြောပါတယ်။ဒါကြောင့် မိသားစုက အတည်ပြုထားခြင်း မရှိတဲ့ သတင်းအမှားတွေအတွက် မစိုးရိမ်ကြပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here