နာမည်ကြီးတေးသံရှင် ဂျက်စတင်ဘီဘာ လေဖြန်း၍ဖျော်ဖြေရေးများရပ်နားထားရ

0
245

နာမည်ကြီးတေးသံရှင် ဂျက်စတင်ဘီဘာ လေဖြန်း၍ဖျော်ဖြေရေးများရပ်နားထားရ

မနေ့က သောကြာနေ့တွင် အဆိုတော် ဂျက်စတင်ဘီဘာက မျက်နှာတစ်ခြမ်းလေဖြန်းသွားကြောင်း ၎င်း၏ပရိသတ်များအားအသိပေးပြောကြားခဲ့သည်။အင်စတာဂရမ်ပေါ်တွင် တင်လိုက်သော ဗီဒီယိုတစ်ခုတွင် ဂျက်စတင်ဘီဘာက ၎င်းအနေဖြင့် Ramsey Hunt Syndrome ဟုခေါ်သော ရောဂါခံစားနေရကြောင်းဆိုခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ပေါ့ပ်အဆိုကျော် ဂျက်စတင်က သူ၏ Justice World ခရီးစဉ်အား ကျန်းမာရေးကြောင့် ခေတ္တရပ်နားထားသည်ဟုကြေငြာခဲ့သည်။တိုရန်တို တွင်ပထမဆုံးကျင်းပရန် လျာထားသော သူ၏ဖျော်ဖြေပွဲမတိုင်ခင်နာရီပိုင်းအလိုတွင်ယခုလိုဖြစ်သွားရခြင်းအား​ပြောကြားခဲ့ခြင်းဖြစ်သည်။

Ramsey Hunt Syndrome ဆိုသည်မှာ ရေယုန်ရောဂါ၏နောက်ဆက်တွဲရောဂါတစ်မျိုးဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် နားရွက်နောက်ရှိ အာရုံကြောယောင်ယမ်းလာကာ မျက်နှာတစ်ခြမ်းအလုပ်မလုပ်တော့သည့်ရောဂါမျိုးဖြစ်သည်။၎င်း၏နောက်ဆက်တွဲအနေဖြင့် အကြားအာရုံဆုံးရှုံးသည်အထိပါဖြစ်နိုင်သည်။

ဘီဘာကသူ၏ဗီဒီယိုတွင် ပရိသတ်များအား “အခု အားလုံးတွေ့တဲ့အတိုင်းပဲ ကျွန်တော့်ညာဖက်မျက်လုံးက အလွယ်တကူမှိတ်မရတော့ပဲ ညာဖက်မျက်နှာတစ်ခြမ်းကလဲ လှုပ်မရတာကြောင့် ပြုံးဖို့ရယ်ဖို့ခက်နေပါတယ်၊ကျန်းမာရေးကြောင့် လက်ခံထားပြီးသား ပွဲတွေနားလိုက်ရတဲ့အတွက် ပရိသတ်များနားလည်ပေးဖို့တောင်းဆိုပါတယ်” ဟု ဆိုခဲ့သည်။

လက်ရှိအချိန်တွင် မျက်နှာလေ့ကျင့်ခန်းများလုပ်နေပြီး ပကတိပြန်ကောင်းအောင် ကြိုးစားနေကြောင်းလည်းပြောကြားခဲ့ပြီး မည်သည့်အချိန်ပြန်ကောင်းနိုင်သည်ဆိုသည့်အချက်ကိုတော့ တိတိကျကျထည့်ပြောသွားခြင်းမရှိပေ။ယခုတစ်ကြိမ်သည် ဘီဘာ၏ ခရီးစဉ်တတိယအကြိမ်မြောက် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး ရှေ့နှစ်ကြိမ်သည် ကပ်ရောဂါကြောင့်ဖြစ်သည်။

Source – WionNews


LEAVE A REPLY

Please enter your comment!
Please enter your name here