တစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆရာ၊ဆရာမ ၄၀ ဦးသတ်ဖြတ်ခံရကာ စစ် ကိုင်းတိုင်းမှာအများဆုံးရှိခဲ့ဟု နစက ထုတ်ပြန်

0
133

တစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆရာ၊ဆရာမ ၄၀ ဦးသတ်ဖြတ်ခံရကာ စစ် ကိုင်းတိုင်းမှာအများဆုံးရှိခဲ့ဟု နစက ထုတ်ပြန်

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစကာ ၂၀၂၂ ခုနှစ်၊မေ ၂၇ ရက်အထိ(တစ်နှစ်ကျော်အတွင်း) ဆရာ၊ဆ ရာမ ၄၀ ဦးအကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထိုသို့ အကြမ်းဖက်သတ်ဖြတ်ခံရမှုများတွင် စစ် ကိုင်းတိုင်း၌ ဆရာ၊ဆရာမ ၁၈ ဦးဖြင့်အများဆုံး သတ်ဖြတ်ခံခဲ့ရပြီး မကွေးတိုင်းတွင် ဆရာ၊ဆ ရာမ ၁၁ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။

ထို့ပြင် မန္တလေးတိုင်းတွင် ဆရာ၊ဆရာမ ၇ ဦး၊ရန်ကုန်တိုင်းတွင် ဆရာ၊ဆရာမ ၂ ဦး၊ပဲခူးတိုင်းတွင် ဆရာ၊ဆရာမ ၁ ဦးနှင့်မွန်ပြည်နယ်တွင် ဆ ရာ၊ဆရာမ ၁ ဦးတို့လည်း အသီးသီးအကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

အလားတူ အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် စစ်ကိုင်း၊ပဲခူးနှင့်မကွေးတိုင်းတို့တွင် ဆရာ၊ဆ ရာမ ၄ ဦးစီနှင့်ရန်ကုန်တိုင်းတွင် ဆရာ၊ဆရာမ ၂ ဦးတို့ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း၌ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမ ၁၁ ဦးသည် ပျောက်ဆုံးလျက်ရှိသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်တွေ့ရှိရန် ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here