လက်ပံတန်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရ

0
166

လက်ပံတန်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊လက်ပံတန်းမြို့နယ်၊ကျွန်းကလေးဆးတာဆုံကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးမြင့်ရွှေသည် ဇွန် ၁၁ ရက် (ယနေ့) နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခွဲခန့်က ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးမြင့်ရွှေသည် ၎င်း၏တပည့်ဖြစ်သူတစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့်မောင်းနှင်လာစဥ် ရန်ကုန်-ပြည်ကားလမ်းဘေးအရောက် အမည်မသိအမျိုးသားများက ဆိုင်ကယ်ဖြင့်နောက်မှမောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည် သိရသည်။

“ဦးမြင့်ရွှေက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်သလို စစ်မှုထမ်းဟောင်းတစ်ယောက်လည်းဖြစ်ပါတယ် ဒီနေ့မနက်က သူ့လယ်ကွင်းကိုသွားကြည့်တုန်းမှာ ပစ်ခံလိုက်ရတာပါ”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးမြင့်ရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ဆိုင်ကယ်မောင်းနှင်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးမြင့်ရွှေ၏ တပည့်ဖြစ်သူတွင်လည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် လက် ပံတန်းမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အား သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း(တပ်ခွဲ ၄)ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here