ကျောက်စိမ်းလုပ်ကွက်ဟောင်း ကန်အတွင်း ပြုတ်ကျသည့် ကားကို ရှာတွေ့သော်လည်း ဆယ်၍မရသေး

0
130

ကျောက်စိမ်းလုပ်ကွက်ဟောင်း ကန်အတွင်း ပြုတ်ကျသည့် ကားကို ရှာတွေ့သော်လည်း ဆယ်၍မရသေး


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်း လုပ်ကွက်ဟောင်း ရေကန်အတွင်း ပြုတ်ကျသွားသည့် ကားကို ပေ ၄၀၀ အနက်တွင် တွေ့ရှိပြီ ဖြစ်သော်လည်း ပြန်လည် ဆယ်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဇွန်လ (၉)ရက် နံနက်ပိုင်းက အဆိုပါ ရေကန်အနီး မိသား စုဝင် (၃) ဦး လိုက်ပါလာသည့် ကားဘရိတ်ပေါက်ကာ ရေ ကန်ထဲပြုတ်ကျခဲ့ ခြင်း ဖြစ်သည်။

” ကားကိုတော့ မနေ့ညပိုင်းက ပြန်တွေ့ပြီ ၊ နွံတွေ ရွံ့တွေနဲ့ ဖုံးနေတော့ ဆယ်လို့တော့ မရသေးဘူး” ဟု ရှာဖွေကယ် ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ် တိမ်းမှောက်ကာ ကန်အတွင်း ပြုတ်ကျမှုတွင် ဖားကန့် မြို့နယ် မှော်မောင်းလျံ ကျေးရွာတွင် ေနထိုင်သည့် မိသားစုဝင် (၃) ကားနှင့်အတူ ပါသွားကြောင်း သိရသည်။

လသားအရွယ် ကလေးငယ်အား ကာကွယ်ဆေးထိုးနှံရန် ဖားကန့်မြို့နယ် ဆေးရုံသို့ အလာတွင် အေးမြသာယာကျေးရွာ အနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေကန်တစ်ခု အနားအရောက်တွင် ဘရိတ်ပေါက်ကာ ရေကန်အတွင်း ပြုတ်ကျ သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ကားတော့ တွေ့ပြီ ။ ပါသွားသူတွေ့ရဲ့ အလောင်းတော့ မတွေ့ရသေးဘူး။ အထဲမှာပဲ ဖြစ်ဖို့များတယ်” ဟု ကယ် ဆယ်ရေး လုပ်ငန်းတွင် ပါဝင်သူတစ်ဦးက ပြောသည်။

အဆိုပါ မိသားစုမှာ မှော်မောင်းလျှံ အကျိုးတူကုမ္ပဏီ၏ စာရေးမိသားစုဖြစ်ပြီး၊ ၎င်းတို့ စီးနင်းလာသည့် ကားအမျိုးအစားမှာ ပါဂျဲရိုးအမျိုးအစားဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသသည် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည့် ဒေသဖြစ်ပြီး မြေစာပုံပြိုကျသည့် ဖြစ်များကြောင့်လည်း ရေမဆေး ကျောက်ရှာဖွေသူများ သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရေးမဆေးကျောက် ရှာဖွေသူ တစ်ဦး ရေကန်အတွင်း ပြုတ်ကျသေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့သေးသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here