ရန်ကုန်တိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ် ၅ ခုတွင် သစ်ပင်များလဲကျခဲ့

0
205

ရန်ကုန်တိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ် ၅ ခုတွင် သစ်ပင်များလဲကျခဲ့

ရန်ကုန်တိုင်းအတွင်း ဇွန် ၁၁ ရက်(ယနေ့)တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မရမ်းကုန်း၊သင်္ဃန်းကျွန်း၊လှိုင်သာယာ၊ရန်ကင်းနှင့်မြောက်ဥက္ကလာပမြို့နယ်တို့တွင် သစ်ပင်များလဲကျခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်များတွင် မရမ်းကုန်းမြို့နယ်၊အမှတ် (၉)ရပ်ကွက်၊မြစပယ်လမ်းမပေါ်တွင် နေ့လည် ၁ နာရီ ၂၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျခဲ့သဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင်လည်း သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ(၂၅)ရပ်ကွက်၊ချယ်ရီလမ်းတွင် သစ်ပင်လဲကျကာ နေအိမ်ပေါ်သို့ပိမိနေသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်း လင်းပေးသည်။

အလားတူ လှိုင်သာယာမြို့နယ်၊အမှတ်(၆)ရပ် ကွက်၊စိန်ပန်းလမ်းတွင် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား၍ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်း လင်းရေးပေးခဲ့ကြသည်။

ထို့အတူ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်၌ ရန်ကင်းမြို့ နယ်၊ ၁၄ ရပ်ကွက်၊မိုးကောင်းလမ်းတွင် သစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွား၍ ရန်ကင်းမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့သည်။

ထို့ပြင် မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်၊စံပယ် ၄ လမ်းတွင် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က သစ်ပင်လဲကျနေသဖြင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ် ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းရေးခဲ့သည်။

အဆိုပါ သစ်ပင်လဲကျမှုဖြစ်စဥ်များတွင် လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here