မဲဆောက်မြို့အထွက်တွင် တရားမဝင်မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ကားတစ်စီးပစ်ခတ်ဖမ်းဆီးခံခဲ့ရ

0
129

မဲဆောက်မြို့အထွက်တွင် တရားမဝင်မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ကားတစ်စီးပစ်ခတ်ဖမ်းဆီးခံခဲ့ရ

ထိုင်းနိုင်ငံ၊မဲဆောက်မြို့ မြို့အထွက်ရှိ ဟွေ့ယအုစစ်ဆေးရေးဂိတ်တွင် ဇွန် ၁၀ ရက်ည ၁၀ နာရီကျော်ခန့်က ထိုင်းတာဝန်ရှိသူများ၏ ပစ်ခတ်ဖမ်း ဆီးခြင်းခံခဲ့ရသည်ဟု သိရသည်။

ဟွေ့ယအုစစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများမှ ဖြတ်သန်းလာသည့်ကားတစ်စီးအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဥ် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် တာ ဝန်ရှိသူများမှ နောက်မှလိုက်၍ ကားဘီးအားသေ နတ်ဖြင့် ပစ်ခတ်၍ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ကားမောင်းသူမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး တာဝန်ရှိသူများမှကားအားစစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား ၉ ဦးအား ဖဝေါရဲစခန်းသို့ပို့ဆောင်ကာ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အခင်းဖြစ်နေရာ၌ သိမ်းဆည်းရမိခဲ့သည့်ကား၏ အထောက်အထားများအရ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်လာသူများအား ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here