ရက်ပိုင်းအတွင်းက ရပ်နားထားခဲ့သည့် ရန်ကုန်-ပဲခူး ခရီးသည်တင်ကားလိုင်းအား ယနေ့ပြန်လည်ပြေးဆွဲ

0
149

ရက်ပိုင်းအတွင်းက ရပ်နားထားခဲ့သည့် ရန်ကုန်-ပဲခူး ခရီးသည်တင်ကားလိုင်းအား ယနေ့ပြန်လည်ပြေးဆွဲ

ရကန်ကုန်-ပဲခူး ခရီးသည်တင်ကားလိုင်းအား ဆီစျေးနှုန်းမြင့်တက်လာသဖြင့် မကြာမီရက်ပိုင်းအတွင်းက ရပ်နားထားခဲ့ရာမှ ဇွန် ၁၁ ရက်(ယနေ့) တွင် ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြေးဆွဲရခြင်းမှာ ယခင်ပြေးဆွဲစဥ်ကလိုက်ပါစီးနင်ခဲ့ကြသည့် ခရီးသည်များ၏ တောင်းဆိုမှုကြောင့် ရပ်နားတော့ခြင်းမရှိဘဲ ပြန် လည်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပဲခူးခရီးသည်တင်ကားလိုင်းအား ဒေဝူးကားကြီးများဖြင့် ယာဥ်စီးခအား ပုံးထဲသို့ထည့်ရသည့်စနစ်ဖြစ်ကာ ရပ်/ချ/တင်/ထွက်ဖြင့် ပြေးဆွဲပေးလျက်ရှိခြင်းဖြစ်သည်။

ပဲခူးမှစတင်ထွက်ခွာသည့် ကားသည် နံနက် ၆ နာရီတွင်စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မှစတင်ထွက်ခွာမည့်ကားသည် နံနက် ၇ နာရီ ၁၅ မိနစ်၌ ထွက်ခွာမည်ဖြစ်ကာ တစ်နေ့လျင်ကား ၅ စီးပြေးဆွဲပေးလျက်ရှိသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here