သေဒဏ်အမိန့်စီရင်ခြင်းကို ပြန်လည်စဉ်းစားပေးရန် အာဆီယံ ဥက္ကဋ္ဌက နစက ဥက္ကဋ္ဌထံအကြောင်းကြားစာ‌ပေးပို့

0
127
သေဒဏ်အမိန့်စီရင်ခြင်းကို ပြန်လည်စဉ်းစားပေးရန် အာဆီယံ ဥက္ကဋ္ဌက နစက ဥက္ကဋ္ဌထံအကြောင်းကြားစာ‌ပေးပို့
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် (၄) ဦးအား သေဒဏ်ပေးရန် ဆုံးဖြတ်မှုအား ပြန်လည်စဉ်းစား‌ ပေးရန် အာဆီယံဥက္ကဋ္ဌ ဟွန်ဆန်က နစက ဥက္ကဋ္ဌထံ ဇွန်လ(၁၀)ရက် နေ့စွဲဖြင့်အကြောင်းကြားစာတစ်စောင်ပေးပို့လိုက်ကြောင်း သိရသည်။
အကယ်၍ သေဒဏ် စီရင်ခဲ့မည်ဆိုပါက နိုင်ငံတကာအဖွဲ့အစည်းများ၏ ဖိအားများ ပိုမိုကြုံတွေ့ရနိင်မည်ဟုလည်း ၎င်း စာတွင် ရေးသားဖော်ပြထားသည်။
“အတိုက်အခံများကို သေဒဏ်စီရင်ပါက နိုင်ငံတကာဖိအားများ ရောက်ရှိလာမည်ဖြစ်ပြီး မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရေး အာဆီယံနှင့် ကမ္ဘောဒီးယား၏ ကြိုးပမ်းချက်များကိုလည်း အနှုတ်သဘောဆောင်သည့်သက်ရောက်မှုများဖြစ်စေမည်”ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ဆိုသည်။
အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ၎င်း၏ မေ တ္တာရပ်ခံချက်ကို အရေးတယူ စဉ်းစားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်း၏ စာတွင် ထည့်သွင်း ရေးသားထားသည်။
ထို့အပြင် အာဆီယံ ဘုံသဘောတူညီချက်များအတိုင်း မြန်မာ့အရေးကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်သာ အကောင်အထည်ဖော် ဖြေရှင်းလိုပါကြောင်းလည်း ရေး သားထားဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here